Monday, May 1, 2017

YBS ၃၅ ယာဉ်နှင့် ဆိုင်ကယ်တိုက်မိ အမျိုးသမီးတစ်ဦးသေဆုံး


ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာဒုံမြို့နယ် အမှတ် ၃ လမ်းမ ဂိတ်ဟောင်းမှတ်တိုင်အနီးမှာ မေလ ၂ရက်နေ့ ဒီကနေ့ မနက် ၅ နာရီခွဲခန့် က YBS ၃၅ ယာဉ်နှင့် ဆိုင်ကယ်တိုက်မှု ဖြစ်ပွားခဲ့ရာ ဆိုင်ကယ်ပေါ် စီးနင်းလာသူ အမျိုးသား၂ဦးနဲ့ အမျိုးသမီးတဦးထဲက အမျိုးသမီးမှာ တိုက်မိချိန်ကားနှင့် ကြိတ်မိသည့် အနေအထားဖြင့် နေရာမှာတင် သေဆုံးသွားခဲ့ကြောင်း သိရပါသည်။


ဆိုင်ကယ် မောင်းနှင်သူနှင့် နောက်မှ လိုက်ပါလာသူ အမျိုးသားတဦး ခြေထောက်များ စုတ်ပြဲ ဖူးရောင်ဒဏ်ရာများရရှိခဲ့သည် ။ လူနာ၂ ဦးနှင့် သေဆုံးသူ အမျိုးသမီးအား ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့ မှ မေဓါဝီဆေးရုံသို့ ပို့ဆောင် ကူညီခဲ့ပြီး သေဆုံးသူအား PR 14ဖြင့် အလောင်းအပ်နှံထားခဲ့ပါသည်။


ဆိုင်ကယ်မောင်သူနှင့် အမျိုးသမီးမှာ လင်မယားတော်သည်ဟု ဒဏ်ရာရှိသူမှပြောကြားခဲ့ပြီး ကုန်းတလပေါင် ဗိုလ်မှူးလိုင်းခန်းတွင် နေထိုင်သည်ဟုသိရသည်။ သေဆုံးသူ အမျိုးသမီးမှာ အသက်၂၀ ဖြစ်ပြီး YBS ၃၅နှင့် တိုက်မိသည်ဟု လူနာမှ ဆေးရုံတွင် ပြောပြပါသည်။

Htin Lin Aung  - ပုလဲမြို့သစ်အရန်မီးသတ်တပ်ဖွဲ့

0 comments:

Post a Comment