Tuesday, May 3, 2016

ပြည်ထဲရေး ၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ ခန့်အပ်

 ပြည်ထဲရေး ၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ ခန့်အပ်ခြင်း ကြေညာချက် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)
ပြည်ထဲရေး ၊ ကာကွယ်ရေး နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန ဒုတိယ ဝန်ကြီးများ ခန့်အပ်ခြင်း ကြေညာချက် (ဓာတ်ပုံ-နိုင်ငံတော်သမ္မတရုံး)
ရန်ကုန် ၊ မေ ၃ ရက် 
ပြည်ထဲရေး ဝန်ကြီးဌာန ၊ ကာကွယ်ရေး ဝန်ကြီးဌာန နှင့် နယ်စပ်ရေးရာ ဝန်ကြီးဌာန တို့တွင် ဗိုလ်ချုပ် အဆင့် ဒုတိယ ဝန်ကြီးများအား ခန့်အပ် တာဝန်ပေးကြောင်း ယနေ့ မေလ ၃ ရက်တွင်  နိုင်ငံတော် သမ္မတရုံးမှ ထုတ်ပြန် ကြေညာခဲ့သည်။
ပြည်ထဲရေး ဝန်ကြီးဌာနတွင် ဗိုလ်ချုပ် အောင်စိုး ကို လည်းကောင်း ၊ ကာကွယ်ရေး ဝန်ကြီးဌာနတွင် ဗိုလ်ချုပ် မြင့်နွယ် ကို လည်းကောင်း ၊ နယ်စပ်ရေးရာ ဝန်ကြီးဌာန တွင် ဗိုလ်ချုပ် သန်းထွဋ် ကိုလည်းကောင်း ဒုတိယ ဝန်ကြီးများ အဖြစ် အသီးသီး ခန့်အပ် တာဝန်ပေးခဲ့ကြောင်း သိရသည်။
Xinhua(ဆင်ဟွာ)

0 comments:

Post a Comment