Thursday, April 21, 2016

ဒေါ်အောင်ဆန်းစုကြည် သံတမန်များဖြင့်တွေ့ဆုံမည်

ဓာတ်ပုံ - မျိုးသူအောင်
ရန်ကုန်၊ ဧပြီ ၂၁
 နိုင်ငံတော် အတိုင်ပင်ခံ ပုဂ္ဂိုလ်ဖြစ်သူ နိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် သည် ဧပြီ ၂၂ ရက် မွန်းလွဲပိုင်းတွင် ပြည်တွင်းပြည်ပအခြေစိုက် သံတမန်များနှင့် တွေ့ဆုံသွားမည်ဖြစ်ကြောင်း သိရသည်။
မြန်မာနိုင်ငံ၏ နိုင်ငံခြားရေးမူဝါဒနှင့် စပ်လျဉ်းပြီး ရှင်းလင်းပြောကြားရန် ယခုကဲ့သို့ တွေ့ဆုံခြင်း ဖြစ်ကြောင်း နိုင်ငံခြားရေးဝန်ကြီးဌာနမှ  သိရသည်။

ဧပြီလ ၂၂ရက်နေ့ မွန်းလွဲ ၂ နာရီတွင် နိုင်ငံခြားရေး ဝန်ကြီးဌာန၌ မြန်မာနိုင်ငံဆိုင်ရာ ပြည်တွင်း ပြည်ပ အ ခြေစိုက် သံတမန်များနှင့် တွေ့ဆုံရန်  ရန်ကုန်မြို့ အခြေစိုက်သံရုံး ၄၆ ရုံး၊ ကုလသမဂ္ဂဌာနေ ကိုယ်စားလှယ်ရုံး တစ်ရုံးနဲ့ ပြည်ပအခြေစိုက်သံရုံး ၄၆ ရုံး စုစုပေါင်း ၉၃ ရုံးကို ဖိတ်ကြားထားပြီး လက်ရှိ အချိန်အထိ သံရုံး ၇၃ ရုံးမှ ပါဝင်တက်ရောက်ကြမည်  ပြန်လည် ပြောကြားထားကြောင်း သိရသည်။
အဆိုပါ တွေ့ဆုံပွဲသို့ သံအမတ်ကြီးများ သို့မဟုတ် ဒုတိယသံရုံး အကြီးအကဲများ ပါဝင် တက်ရောက်ကြမည် ဖြစ်သည်။
Mizzima - News in Burmese

0 comments:

Post a Comment