
လူဝင်မှုကြီးကြပ်ရေးနဲ့ အမျိုးသားမှတ်ပုံတင်ရေးဝန်ကြီးဌာန အမြဲတမ်းအတွင်းဝန်က မတ်လ ၁၁ ရက်နေ့က ညွှန်ကြားလိုက်တာပါ။
နအဖလက်ထက်က အတည်ပြုပေးခဲ့တဲ့ မုန်းဝန်းဗမာဆိုတာကို ဆက်အတည်ပြုပေးဖို့ တာမိုးညဲဒေသ (မုန်းဝန်း) ဗမာတိုင်းရင်းသား ယဉ်ကျေးမှုအဖွဲ့က ၂၀၁၆ ခုနှစ် မတ် ၉ ရက်နေ့မှာ နိုင်ငံတော်သမ္မတဆီကို စာနဲ့ တင်ပြခဲ့ကြပါတယ်။
မူလက မုန်းဝန်းတိုင်းရင်းသားလို့ ရှိနေခဲ့ရာကနေ ဗိုလ်ချုပ်မှူးကြီးသန်းရွှေက တာမိုးညဲဒေသ ဗမာတိုင်းရင်းသားလို့ သတ်မှတ်ဖို့ ပြောခဲ့တယ်လို့ ဆိုပါတယ်။
အဲဒီနောက် ၂၀၀၉ ခုနှစ်က စပြီး နိုင်ငံသားစိစစ်ရေးကတ်ပြား၊ အမျိုးသားမှတ်ပုံတင်တွေ ထုတ်ပေးတဲ့အခါ လူမျိုးနေရာမှာ မုန်းဝန်းတရုတ်အစား မုန်းဝန်းဗမာလို့ စာရင်းသွင်းခဲ့ပါတယ်။
ဒါပေမယ့် အရင်ထုတ်ပေးခဲ့တဲ့ မှတ်ပုံတင်တွေမှာတော့ ပြင်ဆင်မပေးခဲ့ဘူးလို့ ဆိုပါတယ်။
ပြီးခဲ့တဲ့ ၂၀၁၄ ခုနှစ် သန်းခေါင်စာရင်း ကောက်ယူရာမှာတော့ ဗမာလူမျိုးစုထဲမှာ မုန်းဝန်းဆိုတာကို မတွေ့ရပါဘူး။
ဒီဗွီဘီ
0 comments:
Post a Comment