Saturday, March 5, 2016

ကွန်တိန်နာအပြည့်မူးယစ်ဆေးများ မန်းတွင်ဖမ်းမိ၊ များပြားလွန်း၍ရေတွက်နေရဆဲဟုရဲဆို

မန္တလေးခရိုင် ပြည်ကြီးတံခွန်မြို့နယ် မြို့မရဲစခန်းအပိုင်နယ်မြေ ၆၂ လမ်းမကြီးပေါ်မှာ ဒီနေ့(မတ်လ ၅ ရက်)မွန်းလွဲပိုင်း ၁ နာရီခန့်အချိန်က ပေ၂၀ ခန့်အရွယ်အစားရှိတဲ့ ခဲရောင်ကွန်တိန်နာသေတ္တာအပြည့် မူးယစ်ဆေးဝါးတွေဖမ်းဆီးရမိထားတယ်လို့ မန္တလေးတိုင်းဒေသကြီးအထူးရဲတပ်ဖွဲ့နဲ့နီးစပ်သူတွေဆီကသိရ ပါတယ်။
 ဖမ်းဆီးရမိမူးယစ်ဆေးဝါးတွေဟာ များပြားလွန်းတဲ့အတွက် အသေးစိတ်အချက်အလက်တွေ ကိုတော့ သတင်းထုတ်ပြန်နိုင်ခြင်းမရှိသေးဘူးလို့ အဲဒီမြို့နယ်အပိုင်ရဲတပ်ဖွဲ့စခန်းကပြောပါတယ်။
၂၀၁၅ခုနှစ်ဇူလိုင်လ၂၆ရက်နေ့တုန်းကလည်းရန်ကုန်မင်္ဂလာဒုံမှာခုလိုပဲဖမ်းမိခဲ့ဖူးပါတယ်။
စောထွေး
Popular News Journal

0 comments:

Post a Comment