Monday, February 1, 2016

ဇီကာ ဗိုင်းရပ်စ် ကူးစက်မှု ကို ကမ္ဘာလုံး ဆိုင်ရာ အရေးပေါ် အခြေအနေ အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ကြေညာ

ဇီကာ ဗိုင်းရပ်စ် ကူးစက်မှု ကို ကမ္ဘာလုံး ဆိုင်ရာ အရေးပေါ် အခြေအနေ အဖြစ် ကမ္ဘာ့ကျန်းမာရေး အဖွဲ့ကြီး WHO က ကြေညာ လိုက်ပါတယ်။

မနေ့က နေ့လည် ပိုင်းမှာ ကျန်းမာရေး ဆိုင်ရာ ကျွမ်းကျင်သူ တွေနဲ့ ဆွေးနွေးပြီး နောက်မှာ အခုလို အရေးပေါ် အခြေအနေ ကြေညာဖို့ ဆုံးဖြတ် လိုက်တာ ဖြစ်တယ် လို့ WHO အဖွဲ့ကြီး ရဲ့ ဥက္ကဋ္ဌ ဖြစ်သူ မာဂရက် ချန်း က ပြောပါတယ်။

ကြိုတင် ကာကွယ်မှု လုပ်ခြင်း က ဘေး အန္တာရယ် ကို ကာကွယ် ခြင်း ဖြစ်ပြီး ဗိုင်းရပ်စ် နဲ့ ပါတ်သက်လို့ သက်ဆိုင်ရာ သိပ္ပံ ပညာရှင်တွေရဲ့ တွေ့ရှိမှုကို စောင့်ကြည့်မယ်ဆိုရင် အချိန်ကြာနေပြီး နောက်ကျ နေလိမ့်မယ်လို့ ပြောကြား ခဲ့ပါတယ်။ 


 ပြီးတော့ နိုင်ငံတကာ အသိုင်း အဝန်း အနေနဲ့ ဇီကာ ဗိုင်းရက်စ် ကူးစက် ပြန့်ပွားမှုကို စုပေါင်း တိုက်ဖျက်ကြဖို့ လိုအပ်တယ်လို့လည်း တောင်းဆို လိုက်ပါတယ်။ 

မွေးရာပါ ဦးနှောက် ချို့ယွင်းမှုနဲ့ ဇီကာ ဗိုင်းရပ်စ် ဟာ ဆက်စပ် မှု ဘယ်လို ရှိသလဲ ဆိုတာ သိရဖို့ သုတေသန လုပ်ငန်း တွေ အများကြီး လုပ်ဖို့ လိုအပ်တယ်လို့ လည်း WHO ဥက္ကဋ္ဌ ဒေါက်တာ ချန်း က ပြောကြား ခဲ့ပါတယ်။ 


ဘရာဇီး နိုင်ငံမှာ ဇီကာ ဗိုင်းရပ်စ်ဟာ အလျင်အမြန် ကူးစက်နေပြီး ဒီနှစ်ထဲမှာ အမေရိက တိုက်အတွင်း က လူပေါင်း ၄ သန်း ဟာ ဗိုင်းရပ်စ် ကူးစက် ခံရ နိုင် တဲ့ အန္တာရယ် ရှိနေတယ်လို့ WHO က သတိပေး ကြေညာထားပါတယ်။ 
BBC Burmese

0 comments:

Post a Comment