Wednesday, February 3, 2016

သမ္မတကိစ္စ အချိန်တန်သိရမည်

ယနေ့ ဖေဖော်ဝါရီ ၃ ရက်နေ့ မွန်းလွဲပိုင်းက NLD ဥက္ကဌ ဒေါ်အောင်ဆန်းစုကြည်သည် လွှတ်တော်သို့ ပုံမှန် သတင်းတက်ရောက် ရယူလေ့ရှိသော သတင်းထောက်များနှင့် သီးသန့်တွေ့ဆုံခဲ့ပြီး တွေ့ဆုံမှုတွင် ပြည် တွင်းပြည်ပ သတင်းမီဒီယာများ၏ သတင်းဆောင်ရွက်မှု၌ တိကျမှတ်ကန်သော သတင်းတင်ဆက်မှု များ ဖြစ်ရေး၊ သတင်းမီဒီယာတခုခုမှ တာဝန်ပေးခိုင်းစေထားသော သတင်းထောက်တယောက်အဖြစ် ခိုင်လုံမှုရှိမရှိသည့် အခြေအနေများ၊ အစိုးရသစ်သက်တမ်းတွင် သတင်းရယူခွင့် ပိုမို တိုးမြင့်ပေးနိုင်ရေး အစရှိသော အကြောင်းအရာများကို ဆွေးနွေးခဲ့ကြသည်။
 
သတင်းစာရှင်းလင်းပွဲ တစ်ရပ်မဟုတ်သော်လည်း ပြည်ပ သတင်းဌာနတခုမှ တွေ့ဆုံမှု အပြီးတွင် နိုင် ငံတော်သမ္မ ရွေးချယ်ထားခြင်း အခြေအနေအား ရှောင်တခင်မေးမြန်းရာ ဒီချုပ်ဥက္ကဌ ဒေါ်အောင် ဆန်းစုကြည်က “နိုင်ငံတော် သမ္မတရွေးချယ်ဖို့အတွက်ကို မတ်လအထိ အချိန်ပေးထားပါတယ်။ အဲဒီတော့ သိပ်ပြီး အမောခံမနေနဲ့။ အချိန်တန်ရင် ပြောမှာပါ”ဟု ဒေါ်အောင်ဆန်းစုကြည်က ဖြေကြားခဲ့သည်။
ခိုင်ထူးလွင်
News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment