Thursday, February 4, 2016

ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံမည်ဟုခြိမ်းခြောက်သည့် အကောင့်ပိုင်ရှင်၏ လုပ်ငန်းတူရှယ်ယာ ရှင်များရှင်း

ရန်ကုန်၊ဖေဖော်ဝါရီ
အခြေခံဥပဒေပါ ၅၉(စ)ကိုဆိုင်းငံ့ပါက ဒေါ်အောင်ဆန်းစုကြည်ကို လုပ်ကြံ့မည်ဟု ခြိမ်းခြောက်သည့် Ye Myint Lwin အမည်နှင့် အကောင့်ပိုင်ရှင်၏ Bee Wash ကားရေဆေးလုပ်ငန်းတူ ရှယ်ယာရှင်များက ၎င်း၏ပြောဆိုမှုများသည် လုပ်ငန်း နှင့်မသက်ဆိုင်ကြောင်း Bee Wash facebook စာမျက်နှာတွင် ရေးသားထားသည်။

"Bee wash ဟာ ကျနော် ကိုမြင့်မြတ်သူ၊ ကိုလင်းထက်ရှိန်းနှင့် ကိုရဲလွင်မြင့် တို့ အကျိုးတူပူပေါင်းလုပ်ဆောင်ခဲ့ခြင်းဖြစ်ပါသည်။ ကိုရဲလွင်မြင့်၏ ပြောဆိုပြုမှုသောလုပ်ရပ်များသည် Bee wash နှင့်မည်သို့မျှမသက်ဆိုင်သလို ကျန်ရှယ်ယာရှင်များဖြစ်သော ကျနော် မြင့်မြတ်သူနှင့်လင်းထက်ရှိန်းတို့ မည်သို့မျှသက်ဆိုင်ခြင်းမရှိကြောင်း အသိပေးအပ်ပါသည်။"ဟု ကိုမြင့်မြတ်သူက ၎င်း၏ဖေ့ဘုတ် စာမျက်နှာတွင်ရေးသားထားသည်။

Ye Myint Lwin အကောင့်ပိုင်ရှင်သည် ဖေဖော်ဝါရီ ၃ရက်နေ့တွင် "ဖွမဆိုစကောင်း ၅၉ (စ)ကြီးဆိုင်းလိုက်တယ်ဆိုပါစို့ AWM ဒါမှမဟုတ် AS50 တစ်လက်လောက်ရယ် လေ့ကျင့်ချိန် ၁လလောက်သာပေး သေအောင်သတ်ပေးမယ်"ဟုရေးသာထားသည်။

ယင်းအပြင်"ဒေါ်အောင်ဆန်းစုကြည်အား လုပ်ကြံချင်သူများဆိုပြီး "facebookတွင် Group လုပ်ရအောင်ဟု လှုံဆော်ထားပြီး စပွန်ဆာလိုနေပြီး စိတ်ဝင်စားသူများကို လေ့ကျင့်ပေးမည်ဟု   ရေးသားထားသည်။
Mizzima - News in Burmese

0 comments:

Post a Comment