![]() |
တရုတ်နိုင်ငံ တွင် ကလေးငယ်တစ်ဦးအား ကာကွယ်ဆေးထိုးနှံပေးနေစဉ် (ဆင်ဟွာ) |
၂၀၁၁ခုနှစ် မှစ၍ ဖောင်းသည် ဆေးပညာဘွဲ့ရတစ်ဦးဖြစ်သူ ၄င်း၏သမီးနှင့် ပူးပေါင်းကာ ဆေးထုတ်လုပ်သူ ၁၀၀ကျော်၏ အရောင်းကိုယ်စားလှယ်များထံမှ ကာကွယ်ဆေးများကို ဝယ်ယူခဲ့ပြီး ၄င်းတို့အား တရုတ်နိုင်ငံ တစ်လျှောက် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာများရှိ ဝန်ထမ်းများ အပါအဝင် ဝယ်လက် ၃၀၀ ကျော်ထံ တရားမဝင် ပြန်လည်ရောင်းချခဲ့ကြောင်း သိရသည်။
၎င်းတို့၏ ရောင်းချမှု သည် ကာလတန်ဖိုးအားဖြင့် စုစုပေါင်း တရုတ်ယွမ် သန်း၃၁၀ ( အမေရိကန်ဒေါ်လာ ၄၇.၅သန်း) တန်ဖိုးရှိကြောင်း ရှန်တုန်းပြည်နယ် မြို့တော် ကျိနန် ရှိ ပြည်သူ့လုံခြုံရေးဗျူရို က ဖောင်း၏ ဘဏ်အကောင့် ၂၂ ခု အား စုံစမ်းစစ်ဆေးထားမှုကို ကိုးကား၍ပြောကြားခဲ့သည်။
တရုတ်နိုင်ငံတွင် ကာကွယ်ဆေးများအား သတ်မှတ်လိုင်စင် မပါဘဲ ရောင်းချမှု သည် ပြစ်မှုမြောက်ပြီး ၄င်းတို့နှစ်ဦးစလုံး သည် ကာကွယ်ဆေးများအား အချိန်တိုင်း အအေးပေးထားရမည့် သတ်မှတ်ချက်ဥပဒေ ကို ချိုးဖောက်ခဲ့ပြီး ထိုသို့ပြုလုပ်မှုသည် သုံးစွဲသူများ၏ ကျန်းမာရေးကို ထိခိုက်စေနိုင်ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည။
လိုင်စင်မရှိသည့် ဖောင်းသားအမိ အားကာကွယ်ဆေးရောင်းချသည့် ထုတ်လုပ်သူများအား ဆေးဝါးစောင့်ကြည့်ရေး အဖွဲ့ မှ ပြစ်ဒဏ်ချမှတ်သွားမည်ဖြစ်ပြီး ကာကွယ်ဆေးများ တရားမဝင် ဝယ်ယူခဲ့သည့် ရောဂါထိန်းချုပ်ရေး နှင့် ကာကွယ်ရေး စင်တာများရှိ ဝန်ထမ်းများသည့် ရာဇဝတ်မှု ဆိုင်ရာ စစ်ဆေးမှုများ နှင့် ရင်ဆိုင်သွားရမည် ဖြစ်ကြောင်း သိရသည်။အဆိုပါ အမှုအား အစိုးရရှေ့နေ များထံသို့ လွှဲပြောင်းပေးခဲ့ကြောင်းသိရသည်။
Xinhua (ဆင်ဟွာ)
0 comments:
Post a Comment