Monday, January 11, 2016

ရွှေကမ္ဘာလုံးဆုပေးပွဲတွင် The Revenant နှင့် The Martian တို့က အကောင်းဆုံးဆုများ သိမ်းပိုက်




ဒဏ္ဍာရီဆန်ဆန် ရုန်းကန်လှုပ်ရှားမှုအကြောင်း ရိုက်ကူးထားသော The Revenant နှင့် အာကာသ စွန့်စား မှုဇာတ်လမ်း The Martian တို့သည် ဇန်န၀ါရီ ၁၀ ရက်က ကျင်းပသည့် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အကောင်းဆုံးဆုများကို သိမ်းပိုက်သွားခဲ့ပြီး လာမည့်လ အော်စကာဆုပေးပွဲအတွက် ၎င်းတို့၏ မျှော်လင့် ချက်များ ထပ်မံမြင့်တက်လာခဲ့သည်။ စွန့်စားရှာဖွေသူ တစ်ဦးအကြောင်းကို ရိုက်ကူးထားသည့် The Revenant တွင် သရုပ်ဆောင် လီယိုနာဒိုဒီကာပရီယိုက အကောင်းဆုံး သရုပ်ဆောင်ဆုကို ရရှိခဲ့ပြီး ဒါရိုက် တာ အလက်ဇန်ဒရို ဂွန်ဇာလတ် အင်ညာရီတူကလည်း အကောင်းဆုံး ဒါရိုက်တာဆုကို ရရှိခဲ့သည်။ ထို့ပြင် အကောင်းဆုံး ဒရာမာ ဇာတ်ကားဆုကိုလည်း The Revenant ကပင် ရရှိခဲ့သည်။ အင်္ဂါဂြိုဟ်ပေါ်တွင် တစ်ဦးတည်း သောင်တင်နေရစ်သော အာကာသယာဉ်မှူးအကြောင်း ရုပ်ရှင် The Martian က အကောင်း ဆုံးဇာတ်မြူး ရုပ်ရှင်ဆုနှင့် သရုပ်ဆောင် မတ်ဒေမွန်က အကောင်းဆုံး သရုပ်ဆောင်ဆု (ဇာတ်မြူး) ကို ရရှိခဲ့သည်။ ဖေဖော်ဝါရီ ၂၈ ရက်တွင် ကျင်းပမည့် အော်စကာဆုပေးပွဲတွင် ယခုဆုပေးပွဲ၌ ထိပ်တန်းဆုများ ရရှိခဲ့သည့် ယင်းရုပ်ရှင်များက အဓိကဆုများကို ရရှိဖွယ်ရှိသည်။ ဒါရိုက်တာ အင်ညာရီတူ၏ Birdman ရုပ်ရှင်သည် ယမန်နှစ်က အော်စကာဆုပေးပွဲတွင် ဆုလေးဆုရရှိခဲ့သည်။ အော်စကာဆုနှင့် အကြိမ်ကြိမ် လွဲချော်ခဲ့ဖူးသော ဒီကာပရီယိုကို ပရိသတ်အားလုံးက မတ်တတ်ရပ် ဂုဏ်ပြု ခဲ့ကြပြီး ဒီကာပရီယိုက ရွှေ ကမ္ဘာလုံးဆုကို ကမ္ဘာတစ်ဝန်းရှိ ဒေသခံတိုင်းရင်းသားအားလုံးနှင့် မျှဝေသွားမည်ဖြစ်ကြောင်း ပြော ကြားခဲ့သည်။

အသက် ၄၁ နှစ်အရွယ် ဒီကာပရီယိုသည် The Revenant ဖြင့် အော်စကာရရှိမည်ဟု ဝေဖန်သူများက ယုံကြည်ထားကြသည်။ အော်စကာဆုအတွက် ယှဉ်ပြိုင်ကြမည့် ရုပ်ရှင်နှင့် သရုပ်ဆောင်များအတွက် အညွှန်းတစ်ခုအဖြစ် ယူဆကြသော ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် ကိတ်ဝင်းစလက်နှင့် စတားလုံးတို့ကလည်း အကောင်းဆုံး ဇာတ်ပို့ဆုများ ရရှိကြသည်။ Steve Jobs အတ္ထုပ္ပတ္တိရုပ်ရှင်ဖြင့် ကိတ်ဝင်းစလက်က ရွှေကမ္ဘာ လုံးဆု ရရှိခဲ့ပြီး စတားလုံးက Creed ရုပ်ရှင်ဖြင့် ဇာတ်ပို့ဆုကို ရရှိခဲ့သည်။

ယခုနှစ်အတွင်း ဟောလိဝုဒ်အတွက် အကြီးမားဆုံးပွဲအဖြစ် ယူဆခံရသော ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် ဗြိတိန်ဟာသသရုပ်ဆောင် ရီကီဂျာဗေးစ်က ပင်တိုင်ကြေညာသူအဖြစ် ဆောင် ရွက်ခဲ့ပြီး နာမည်ကျော် အမြောက်အမြားကို ဟာသလုပ်ခဲ့သော သူ၏မှတ်ချက်များအတွက် ဝေဖန်မှုများ ထွက်ပေါ်ခဲ့သည်။ အခန်း ငယ်တစ်ခုအတွင်း အမေနှင့်သမီး ပိတ်လှောင်ခံထားသောအကြောင်း ရိုက်ကူးထားသည့် Room ရုပ်ရှင် တွင် သရုပ်ဆောင်ခဲ့သော ဘရေးလာစင်က အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆုကို ရရှိသွားခဲ့သည်။ ယခုနှစ် ရွှေကမ္ဘာလုံး ဆုပေးပွဲတွင် အကောင်းဆုံး အထူးပြုလုပ်ချက်ရုပ်ရှင်ဆုကို Pixar က ထုတ်လုပ်သော Inside Out က ရရှိသွားခဲ့သည်။

ဂျနီဖာလောရင့်က Joy ဇာတ်ကားဆုဖြင့် အကောင်းဆုံး အမျိုးသမီး သရုပ်ဆောင်ဆု(ဇာတ်မြူး)ကို ရရှိခဲ့ သည်။ အကောင်းဆုံး နိုင်ငံခြားရုပ်ရှင်ဆုကို ဟိုလိုကော့စ်ဒရာမာ ဟန်ဂေရီရုပ်ရှင် Son of Saul က ရရှိခဲ့ သည်။ အော်စကာနှင့်မတူသည်မှာ ရွှေကမ္ဘာလုံး ဆုပေးပွဲသည် ရုပ်သံဇာတ်လမ်းများကိုပါ ဂုဏ်ပြု ဆု ပေးအပ်ခြင်းဖြစ်သည်။ ကွန်ပျူတာ ပရိုဂရမ်မာတစ်ဦးနှင့် ဟက်ကာတစ်ဦးတို့အကြောင်း ရိုက်ကူး ထားသော Mr.Robot က အကောင်းဆုံး ဒရာမာဇာတ်လမ်းတွဲဆုကို ရရှိခဲ့သည်။ အမေဇုန်က ထုတ် လုပ်သော Mozart in the Jungle ဇာတ်လမ်းတွဲက အကောင်းဆုံး(ဇာတ်မြူး)ဇာတ်လမ်းတွဲ ဆုကို ရရှိခဲ့ သည်။ ရွှေကမ္ဘာလုံးဆုများကို ဟောလိဝုဒ် နိုင်ငံခြားသတင်းထောက်များ  အသင်းက ရွေးချယ် ဆုံးဖြတ်ခြင်းဖြစ်ပြီး နိုင်ငံပေါင်း ၅၅ နိုင်ငံမှ ဖျော်ဖြေရေးနယ်ပယ်မှ အယ်ဒီတာနှင့် စာရေးဆရာ ၉၀ ခန့်က ရွေးချယ်ခြင်း ဖြစ်သည်။
Eleven Media Group

0 comments:

Post a Comment