Saturday, January 30, 2016

မိုင်းတွင်းထဲ ပိတ်မိနေတဲ့တရုတ်လုပ်သားတွေကို ရက်ပေါင်း ၃၀ ကျော်ကြာမှ ပြန်ကယ်ထုတ်နိုင်(ရုပ်/သံ)




တရုတ်နိုင်ငံ၊ ရှန်ဒေါင်ပြည်နယ်အရှေ့ပိုင်းက ဂျစ်ပဆန်မိုင်းတွင်းပြိုကျချိန်မှာ ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သား ၄ ဦးကို ပြိုကျပြီး ၃၆ ရက်အကြာမှာ အသက်ရှင်လျက်ပြန်ကယ်ထားနိုင်ပြီ ဖြစ်ပါတယ်။ ဖောက်ထားတဲ့ ပြွန်အတွင်းကနေ မြေအောက်မီတာ ၂၀၀ မှာ ပိတ်မိနေတဲ့ မိုင်းတွင်းလုပ်သားတွေကို တစ်ယောက်ချင်းကယ်ခဲ့တာပါ။ မိုင်းတွင်းထဲက လုပ်သားတွေကို ပြန်ကယ်ပြီးချိန်တွင်းဝမှာ ကယ်ဆယ်ရေးအဖွဲ့တွေ အောင်ပွဲခံနေတာကိုလည်း CCTV သတင်းရဲ့ ရုပ်သံမှာ တွေ့ရမှာဖြစ်ပါတယ်။
ကယ်ဆယ်ခံထားရတဲ့ မိုင်းတွင်းလုပ်သားတွေကို စစ်စောင်တွေ ပတ်ထားပေးတဲ့အပြင် မျက်စိမထိခိုက်ဖို့ မျက်လုံးတွေကို အုပ်ထားပြီး လက်ရှိမှာ ဆေးရုံပို့လိုက်ပြီ ဖြစ်ပါတယ်။ လုပ်သားတွေဟာ ထိခိုက်ဒဏ်ရာအသေးစားတောင်မရှိလို့ မကြာခင်မှာ အိမ်ပြန် နိုင်မယ်လို့ လုပ်သားတွေ ကုသခံနေတဲ့ဆေးရုံက ဒုတိယဆေးရုံအုပ်က ပြောပါတယ်။ ဒီဇင်ဘာလ ၂၅ ရက် မိုင်းတွင်းပြိုကျချိန်မှာ လုပ်သား ၂၉ ဦး ပိတ်မိခဲ့တာဖြစ်ပေမယ့် နောက်တစ်နေ့မှာ ၁၁ ဦးကို ကယ်ဆယ်ထားနိုင်ခဲ့ပြီး ၁၃ ဦးကတော့ အခြေအနေ မသိရသေးပါဘူး။
ဒီလုပ်သားတွေ အသက်ရှင်နေတုန်းဆိုတာကို ဒီဇင်ဘာလ ၃၀ ရက်တုန်းက ကယ်ဆယ်ရေးအဖွဲ့တွေက ပြောပါ တယ်။ ကယ်ဆယ်ရေးအဖွဲ့တွေ မိုင်းတွင်းလုပ်သားတွေကို ဇန်န၀ါရီလ ၈ ရက်မှာ ဆက်သွယ်နိုင်ခဲ့ပြီး လှိုင်ခေါင်းကနေတစ်ဆင့် အစားအသောက်၊ အ၀တ်အထည်နဲ့ မီးအိမ်တွေကို ပေးခဲ့တာပါ။ မိုင်းတွင်းပိုင်ရှင်ကတော့ မိုင်းပြိုမှုအပြီးတစ်ပတ်မှာ မိုင်းတွင်းထဲခုန်ချပြီး သေဆုံးသွားပြီဖြစ်ပါတယ်။ မိုင်းတွင်းပြိုကျတဲ့အကြောင်းရင်းကိုတော့ စုံစမ်းဆဲဖြစ်ပေမယ့် တရုတ်နိုင်ငံမှာ လုပ်ငန်းခွင် ဘေးကင်းလုံခြုံရေး မတော်တဆမှုတွေဟာ မကြာခဏဆိုသလို ပါဝင်နေပါတယ်။
For Info News

0 comments:

Post a Comment