Sunday, January 24, 2016

သိပ္ပံပညာရှင်များနှင့် လက်နက်ကျွမ်းကျင် သူများက စက်ရုပ်လက်နက်စနစ်များ တားဆီးရန်လိုကြောင်း သတိပေး


ဒါးဗို့စ် ၊ ၂၄-၁-၂၀၁၆
အသိဉာဏ်တု တပ်ဆင်ထား ခြင်းကြောင့် ကိုယ်ပိုင် ဆုံးဖြတ်ချက် နှင့် ထိန်းချုပ် တုံ့ပြန်နိုင်စွမ်း ရှိသော  စက်ရုပ်လက်နက် စနစ်များ တည်ဆောက်မှု တားဆီးရေး အတွက် စည်းမျဉ်းများ ချမှတ်ရန် လိုကြောင်း ဒါးဗို့စ် ညီလာခံသို့ တက်ရောက် နေကြသည့် ပညာရှင်များက သတိပေးခဲ့သည်။

Stop killer robots before it is too late, scientists tell Davos forum
အသိဉာဏ်တု ထည့်သွင်းထားသော စက်ရုပ်များက စစ်မြေပြင်တွင် လူသားတို့ကို သတ်ဖြတ်မည့် အနာ ဂတ်ဖြစ်စဉ် ရှောင်လွှဲရေး အတွက် နိုင်ငံတကာ အနေဖြင့် အချိန်မဆိုင်းဘဲ တားဆီးရန်လိုအပ် မည် ဖြစ်ကြောင်း သိပ္ပံပညာရှင် များနှင့် လက်နက် ကျွမ်းကျင်သူများက ဆွစ်ဇာလန်နိုင်ငံတွင် ကျင်းပနေ သည့် ဒါးဗို့စ် ကမ္ဘာ့ စီးပွားရေး ညီလာခံ ၌ ဇန်န၀ါရီ ၂၂ ရက်က သတိပေး ခဲ့သည်။

သိပ္ပံပညာရှင် များ၏ ပြောကြားချက်အရ အသိဉာဏ်တု တပ်ဆင်ထားသော စက်ရုပ်လက်နစ် စနစ်များ တည်ဆောက် ဖြန့်ကြက်မှုသည် စစ်မှုရေးရာ နယ်ပယ်၌ အလွန် အန္တရာယ် များလှသည့် ခေတ်သစ်တစ်ခု ၀င်ရောက်လာသည့် သဘောကို ကိုယ်စားပြုလိမ့်မည် ဖြစ်ကြောင်း AFP သတင်းဌာန က ဖော်ပြခဲ့သည်။

၂၀၁၅ ခုနှစ် ဇူလိုင်လ ကလည်း ဗြိတိသျှ ရူပဗေဒပညာရှင် စတီဖင် ဟော့ကင်း အပါအ၀င် ကမ္ဘာတစ်ဝန်းမှ သိပ္ပံပညာရှင် ဦးရေ ၁၀၀၀ ကျော်ကလည်း ကိုယ်ပိုင် ဆုံးဖြတ်ချက် ချမှတ်နိုင် စွမ်းသော စက်ရုပ်လက်နက် များကို လာမည့်နှစ် အနည်းငယ်အတွင်း အသုံးချ လာကြတော့မည် ဖြစ်ကြောင်း သတိပေးခဲ့ဖူးသည်။

ထို့ပြင် လူသား ထိန်းချုပ်မှု မရှိသည့် စက်ရုပ်လက်နက် နည်းပညာများကြောင့် ကမ္ဘာ့ပေါ်၌ အသိဉာဏ်တု စနစ်သုံး လက်နက် တပ်ဆင်မှုပြိုင်ပွဲ ပေါ်ပေါက်လာနိုင် သည့်အပြင် ယင်း လက်နက်စနစ်များ အစွန်းရောက် အဖွဲ့များ လက်သို့ ကျရောက်သွား နိုင်ဖွယ် ရှိခြင်းကြောင့် စက်ရုပ်လက်နက် စနစ်များ တည်ဆောက်မှုကို ပိတ်ပင်ပစ် သင့်သည်ဟု စတီဖင် ဟော့ကင်း နှင့် သိပ္ပံပညာရှင် များက တောင်းဆိုခဲ့ကြောင်း သိရသည်။
PyiChitThar

0 comments:

Post a Comment