Wednesday, January 27, 2016

ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင်ကို ဖမ်းဝရမ်းထုတ်

ဓါတ်ပုံ - လွှတ်တော်ကိုယ်စားလှယ်ဟောင်း ဦးရွှေမောင်ကို တွေ့ရစဉ် ( Shwe Maung Facebook )
လက်ရှိ ကြံ့ခိုင်ဖွံ့ဖြိုးရေးပါတီက ဘူးသီးတောင်မြို့နယ် ပြည်သူ့လွှတ်တော် ကိုယ်စားလှယ် ဦးရွှေမောင် ကို ငွေကြေးလိမ်လည်မှုနဲ့ ရန်ကုန်တိုင်းဒေသကြီး မင်္ဂလာတောင်ညွန့်မြို့နယ် ရဲစခန်းက ဖမ်းဝရမ်းထုတ် လိုက်ပါတယ်။

ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ အထွေထွေမန်နေဂျာ ဦးစိုးနိုင်က ပုဒ်မ ၄၂၀ လိမ်လည်မှုနဲ့ အမှုဖွင့်တိုင်ကြား တာဖြစ်ပြီး ဦးရွှေမောင်က ရှောင်တိမ်းနေတဲ့အတွက် ၀ရမ်းထုတ်လိုက် တာ ဖြစ်တယ်လို့ အဲဒီအမှုကို ကုမ္ပဏီဖက်က ဆောင်ရွက်ပေးနေတဲ့ တရားလွှတ်တော် ရှေ့နေ ဒေါ်တင်တင်မြ က ပြောပါတယ်။

လွန်ခဲ့တဲ့ ၂၀၁၂ ခုနှစ်က ငွေကျပ် သိန်း ၂၀၀ ၊ ၂၀၁၃ ခုနှစ်က ငွေကျပ် သိန်း ၁၅၀ စုစုပေါင်း ကျပ်သိန်း ၃၅၀ကို ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဝင်း ထံကနေ ဦးရွှေမောင်က ချေးယူသွား တာဖြစ်ပြီး ပြန်လည်ပေးဆပ်ခြင်းမရှိသေးတဲ့ အတွက် အမှုဖွင့်ထားတာဖြစ်တယ်လို့ သိရပါတယ်။
အာအက်ဖ်အေ က ဦးရွှေမောင်ကို ဆက်သွယ်ဖို့ကြိုးစားခဲ့ပေမယ့် ခေါ်ဆိုလို့ မရခဲ့ပါဘူး။

ဦးရွှေမောင်ဟာ ရခိုင်ပြည်နယ် ဘူးသီးတောင်မြို့နယ်ကနေ ပြီးခဲ့တဲ့ ၂၀၁၀ ရွေးကောက်ပွဲတုန်း က ရွေးချယ်ခံခဲ့ရတာဖြစ်ပြီး ရှိုင်းဆောက်လုပ်ရေးကုမ္ပဏီ ဥက္ကဌ ဦးအောင်ဇော်ဝင်းဟာ မောင်တော မြို့နယ်ကနေ ပြည်သူ့လွှတ်တော် ကိုယ်စားလှယ်အဖြစ် ရွေးချယ်ခံထားရတာဖြစ်ပါတယ်။
RFA Burmese

0 comments:

Post a Comment