Friday, January 15, 2016

အစားမတော်တစ်လုတ် အဆွဲမတော် တစ်ဆယ်ဖီ

01/15/2016
ဒီအမှုကတော့ ကိုယ့်လည်ပင်းကိုယ် ကြိုးကွင်းစွပ်တဲ့အမှုလို့ပဲ ပြောရမှာပါ။ မူးယစ်ရမ်းကားမောင်းနှင်မှုနဲ့ ရဲက အလိုရှိနေတဲ့ အိုဟိုင်းယိုးပြည်နယ်က လူတစ်ယောက်ဟာ ရဲမှတ်တမ်းက သူ့ဓာတ်ပုံကို မကြိုက်တာနဲ့ ပိုပြီးသားနားတဲ့ပုံကို သူ့ကိုယ်သူ ဆယ်ဖီဆွဲပြီး ရဲဌာနကို ပို့လိုက်တာကြောင့် ဖလော်ရီဒါမှာ အဖမ်းခံလိုက် ရတာပဲ ဖြစ်ပါတယ်။

‘ဒီပုံက ဘယ်လိုနေလဲ ဒေါ်နယ် ပပ်’’လို့ ရဲရုံးက ၄င်းရဲ့ ဖေ့စ်ဘုတ်စာမျက်နှာမှာ တရားခံရဲ့ အပြုံးကြီးပြုံးနေ တဲ့ မှတ်တမ်းပုံအသစ်ကို ပြပြီး မေးမြန်းထားပါတယ်။ ‘ဒီ ဆယ်ဖီပုံကြောင့်ပဲ ဘယ်သူဘယ်ဝါ ပိုပြီးခွဲခြား လာနိုင်ခဲ့တယ်’’လို့လည်း ရဲဌာနက ပို့စ်တင်ထားပါတယ်။

ပပ်(၄၅နှစ်)ဟာ အိုဟိုင်းယိုး ရဲဌာနက ဖေ့စ်ဘုတ်မှာ တင်လာတဲ့ သူ့ရဲ့ မှတ်တမ်းပုံနှစ်ပုံကို ကြည့်ရ ပြီးနောက်မှာ နေကာမျက်မှန်နဲ့ ခန့်ခန့်ညားညားပုံကို ဆယ်ဖီဆွဲပြီး ပို့စ်တင်လိုက်ပါတယ်။.

‘အဲဒီပုံတွေက ဆိုးရွားတယ်။ ဒီပုံက ပိုကောင်းပါတယ်’’လို့လည်း ပပ်က စာရေးလိုက်ပါတယ်။

ဒီလို update အဖြစ်ဆုံးပုံကို ရိုက်တင်လိုက်လို့လည်း ပပ်ကို ဖလော်ရီဒါမှာ ဖမ်းမိခဲ့တာဖြစ်တယ်လို့ ရဲတပ်ဖွဲ့က ပြောကြားပါတယ်။ ဒီလို ဖမ်းမိတဲ့အတွက် လူမှုမီဒီယာကို ကျေးဇူးတင်ရမယ်လို့လည်း အိုဟိုင်းယိုး ရဲတပ်ဖွဲ့က ပြောကြားခဲ့ပါတယ်။
Mizzima - News in Burmese

0 comments:

Post a Comment