Friday, January 8, 2016

ဖီလာဒဲဖီးယား ရဲ သေနတ်နဲ့ပစ်ခံရ

အမေရိကန် ပြည်ထောင်စု ဖီလာဒဲဖီးယား မြို့ မှာ ရဲ ပတ္တယောင် ကားပေါ်က ရဲ တစ်ဦး သေနတ်နဲ့ အပစ်ခံရပြီး ဒဏ်ရာ ရသွားပါတယ်။

သေနတ်သမားကို ဖမ်းဆီး မိခဲ့ပါတယ်။

သေနတ်သမား ဟာ အစ္စလာမ်မစ် နိုင်ငံ IS အဖွဲ့ အပေါ် သစ္စာခံ ထားသူ တစ်ဦး ဖြစ်တယ် လို့ ဆိုပါတယ်။

သေနတ်ကျည်ကြောင့် ပုခုန်းရိုး ကျိုးသွားတဲ့ ရဲ အမှုထမ်း ဂျက်ဆီ ဟာ့ထ်နက် ဟာ ခွဲစိတ် ကုသမှု ခံယူဖို့ လိုအပ်ပေမယ့် အသက်အန္တရာယ် တော့ မစိုးရိမ် ရပါဘူး။
BBC Burmese

0 comments:

Post a Comment