Tuesday, January 12, 2016

အွန်လိုင်း မင်းသားကြီးဟု နံမည်ကြီးသူ ဆရာကျော်စွာ အတိုက်ခံရ


Tomorrow ၀ိုင်းတော်သားဖြစ်သူ၊ facebook တွင် အွန်လိုင်း မင်းသားကြီးဟု နံမည်ကြီးသူ ဆရာကျော် စွာမြင့်၊ ဇနီးနှင့် ယောက်ခမနှစ်ဦး စုစုပေါင်း လေးဦးကို အိမ်သို့လာရောက်လည်ပတ်သော ဧည့်သည် ဦးရဲသူဝင်းမှ တနင်္ဂနွေနေ့ည၁၀း၃၀နာရီတွင် ကတ်ကြေုးဖြင့် ၄၉ချက်ထိုးသွားခဲ့။ ယခု သင်္ကန်းကျွန်း စံပြဆေးရုံတွင် ကုသခံနေရပြီး တိုက်ခိုက်သူကိုရဲစခန်းတွင်ပုဒ်မ ၃၂၆ဖြင့်အမှုဖွင့်ထား။

ဆိုသည့်ဆရာမာဂျေ တင်ထားသည့် သတင်းကြောင့် ကိုကျော်စွာမြင့်အား ဖုန်းနဲ့ ဆက်သွယ်မေးမြန်းခဲ့ရာ ကိုကျော်စွာ - ကိုကျော်စွာ့ဇနီး - ကိုကျော်စွာ ဖခင်နဲ့ ကိုကျော်စွာ အမတို့ လေးဦးကို ထိုသူမှ ကတ်ကြေးဖြင့် ထိုးခဲ့ကြောင်း ဘယ်နှချက်ထိုးခဲ့မှန်း မသိပေမယ့်
-ကိုကျော်စွာ နဲ့ဇနီးသည်မှာ တစ်ဦးလျှင် ချူပ်ရိုး အချက် ၂၀ ကျော်ဆီ ချူပ်ခဲ့ရကြောင်း
-အမလည်း အနည်းငယ်ထိကြောင်း
-အဖေကတော့ တင်ပဆုံရိုးကျိုးသွားကြောင်း - ၄၉ ချက်ဆိုသည်မှာ ချူပ်ရိုး ချူပ်တာကို ဆိုလိုကြောင်း ဇနီးသည်မှာ မျက်နှာမှာ အထိများခဲ့ကြောင်း ကျန်းမာရေးစောင့်ရှောက်မှုနဲ့ အခြားလုပ်စရာရှိသည်များကို ဆက်လက် လုပ်ဆောင်နေကြောင်း ပြောဆိုသွားခဲ့ပါတယ်။
ကိုကျော်စွာတို့ ကျန်းမာ ကံကောင်းပါစေ
FB July Moe
https://www.facebook.com/julymoe.acc?fref=ts

0 comments:

Post a Comment