Friday, January 22, 2016

ကမ္ဘာ့သြဇာအရှိဆုံး ဒုတိယမြောက်နိုင်ငံအဖြစ် ရုရှားနိုင်ငံ ရွေးချယ်ခံရ

 
ရုရှားနိုင်ငံ၏ ကရင်မလင်းနန်းတော်ကို တွေ့ရစဉ်

မော်စကို ၊ ၂၂-၁-၂၀၁၆
အမေရိကန် သတင်းဌာန တစ်ခုဖြစ်သည့် US News & World Report သတင်းဌာန၏ စစ်တမ်းကောက် ယူချက် များအရ အမေရိကန် ပြည်ထောင်စု၊ ရုရှားနှင့် တရုတ်နိုင်ငံ တို့သည် ကမ္ဘာ့သြဇာ အရှိဆုံးနိုင်ငံ စာရင်းတွင် အစဉ်လိုက် ပါဝင်နေပြီး ရုရှားနိုင်ငံသည် ကမ္ဘာ့သြဇာ အရှိဆုံး ဒုတိယမြောက် နိုင်ငံအပြင် ကမ္ဘာလုံးဆိုင်ရာ လွှမ်းမိုးမှုအရှိဆုံး ဆဋ္ဌမမြောက်နိုင်ငံ အဖြစ် ရွေးချယ်ခံ ရကြောင်း Sputnik သတင်း ဌာနက ဇန်နဝါရီ ၂၁ ရက်တွင် ဖော်ပြထားသည်။

ထိုသို့ ရွေးချယ်မှုတွင် ယင်းနိုင်ငံ၏ သတင်းများ ထိပ်ဆုံးတွင် စဉ်ဆက်မပြတ် တည်ရှိနေမှု၊ နိုင် ငံ့ခေါင်းဆောင်များ၏ သြဇာလွှမ်းမိုးမှု နှင့် စီးပွားရေးဆိုင်ရာ ကြိုတင်ခန့်မှန်း တွက်ချက်မှုတို့ကို အဓိက ထည့်သွင်း စဉ်းစားခဲ့ခြင်းဖြစ်ကြောင်း အဆိုပါ သတင်းဌာနက ပြောကြားသည်။

ထို့ပြင် အဆိုပါနိုင်ငံ၏ စီးပွားရေးနှင့် နိုင်ငံရေးတို့က အခြားနိုင်ငံများ အပေါ် လွှမ်းမိုးနိုင်မှု သို့မဟုတ် နိုင်ငံ တကာနှင့် စစ်ဘက်ဆိုင်ရာ မဟာမိတ်ဖွဲ့နိုင်မှု တို့ကိုလည်း ထည့်သွင်းတွက် ချက်ကြောင်း နှင့် နိုင် ငံ့ခေါင်းဆောင်၏ အခြေအနေများ နှင့်လည်း သက်ဆိုင်ကြောင်း ယင်း သတင်းဌာနက ဆက်လက် ပြော ကြားသည်။

သမ္မတ ဗလာဒီမာပူတင် သည် ၂ဝ၁၅ ခုနှစ် နိုဝင်ဘာလက ဖို့ဘ်မဂ္ဂဇင်းက ရွေးချယ်သော ကမ္ဘာ့သြဇာ အရှိဆုံးပုဂ္ဂိုလ် အဖြစ် သုံးနှစ်ဆက်တိုက် အရွေးချယ်ခံခဲ့ရသူ ဖြစ်သည်။ နိုင်ငံ၏ စစ်ဘက်ဆိုင်ရာ အသုံးစရိတ်နှင့် ပြည်ပသို့ ငွေကြေးထောက်ပံ့ ပေးမှုတို့သည် လည်း အဆိုပါအဆင့် တွက်ချက်မှုတွင် အကျုံးဝင်ကြောင်းနှင့် အမေရိကန်နှင့် တရုတ်နိုင်ငံတို့သည် ကမ္ဘာ့ သမားရိုးကျ စစ်ရေးအင်အား တည်ရှိမှုတွင် ထိပ်တန်း၌ ရှိကြောင်း သိရသည်။

ယခုထုတ်ပြန်သည့် ကမ္ဘာ့သြဇာ လွှမ်းမိုးမှု အရှိဆုံး ၁ဝ နိုင်ငံတွင် ဂျာမနီ၊ ဗြိတိန်၊ ပြင်သစ်၊ ဂျပန်၊ အစ္စရေး၊ ဆော်ဒီအာရေဗျနှင့် တောင်ကိုရီးယား နိုင်ငံတို့လည်း ပါဝင်လျက် ရှိကြောင်း သိရသည်။
PyiChitThar

0 comments:

Post a Comment