Monday, January 18, 2016

အီရန်နိုင်ငံကို နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခွင့် ပေးသွားမည် မဟုတ်ဟု အစ္စရေး ပြောကြား

ဂျေရုဆလင် ၊ ၁၈-၁-၂၀၁၆
ကမ္ဘာ့အင်အားကြီး ခြောက်နိုင်ငံနှင့် ရရှိခဲ့သည့် သမိုင်းဝင် နျူကလီးယား သဘောတူညီချက်အရ အမေရိ ကန်နှင့် ဥရောပသမဂ္ဂတို့က အီရန်နိုင်ငံ အပေါ်အရေးယူ ပိတ်ဆို့မှုများ ဖြေလျှော့ပေး ပြီးနောက် အစ္စရေးနိုင်ငံ အနေဖြင့် အီရန်နိုင်ငံကို နျူကလီးယား လက်နက်များ ပိုင်ဆိုင်ခွင့် ပေးသွားမည် မဟုတ်ကြောင်း အစ္စရေး ဝန်ကြီးချုပ် နေတန်ယာဟု က ဇန်နဝါရီ ၁၇ ရက်တွင် သတိပေး ပြောကြား လိုက်သည်။

''အီရန်နိုင်ငံ အနေနဲ့ နျူကလီးယား လက်နက်များ ပိုင်ဆိုင်မှုကို ဘယ်တော့မှ ခွင့်ပြုသွားမှာ မဟုတ်ပါဘူး ဆိုတဲ့ အစ္စရေးနိုင်ငံရဲ့ မူဝါဒကို ပြောင်းလဲမှာ မဟုတ်ပါဘူး'' ဟု နေတန်ယာဟု က အစိုးရအဖွဲ့ အစည်း အဝေးတွင် ပြောကြား ထားသည်။

ထို့ပြင် အီရန်နိုင်ငံသည် ၄င်း၏ နျူကလီးယား လက်နက် ပိုင်ဆိုင်ရေး ရည်မှန်းချက်ကို မည်သည့်အခါမျှ လက်လွှတ်ဆုံးရှုံး ခံမည် မဟုတ်ကြောင်း နေတန်ယာဟု ပြောကြား ထားသော်လည်း အီရန်၏ နျူကလီးယား လက်နက်များ ထုတ်လုပ်မှုကို တားဆီးရန် အစ္စရေးက  စစ်ဘက်ကို အသုံးပြုသွားမည် မဟုတ်ကြောင်း လေ့ လာသူများက ပြောကြားသည်။

အီရန်နိုင်ငံ အနေဖြင့် ပြီးခဲ့သည့်နှစ်က ချုပ်ဆိုခဲ့သည့် သဘော တူညီချက်ကို အပြည့်အဝ လိုက်နာ အကောင်အထည် ဖော်ခဲ့ကြောင်း နိုင်ငံတကာ အဏုမြူစွမ်းအင် အေဂျင်စီက အတည်ပြု ပြောကြား ခဲ့ပြီးနောက် အီရန်နိုင်ငံ၏ စီးပွားရေးကို ချွတ်ခြုံကျ စေခဲ့သည့်အရေးယူ ပိတ်ဆို့မှုများကို ဖြေလျှော့ပေး လိုက်ပြီ ဖြစ်ကြောင်း အမေရိကန်နှင့် ဥရောပသမဂ္ဂ တို့က ဇန်နဝါရီ ၁၆ ရက်တွင် ထုတ်ပြန် ကြေညာ ထားသည်။

ထို့ပြင် ယခုကဲ့သို့ အရေးယူ ပိတ်ဆို့မှုများ ဖြေလျှော့မှုသည် အီရန်နှင့် အမေရိကန်နိုင်ငံ တို့အကြား ဆက် ဆံရေးကို ပိုမို ကောင်းမွန်လာ စေမည်ဖြစ်ပြီး အဆိုပါ ဖြေလျှော့မှုကို ကန့်ကွက်ခဲ့သည့် နေတန်ယာဟု ၏ လုပ်ဆောင်ချက် သည် အစ္စရေး- အမေရိကန် ဆက်ဆံရေးကို ထိခိုက်စေမည် ဖြစ်ကြောင်း သိရသည်။
PyiChitThar

0 comments:

Post a Comment