Wednesday, January 20, 2016

ဆူညံလမ်းပိတ်ရင် ကုသိုလ်ပိုရလား

01/21/2016
ရန်ကုန်တိုင်းဒေသကြီး၊ အနောက်ပိုင်းခရိုင်၊ ဗဟန်းမြို့နယ်မှာနေထိုင်တဲ့ ကိုအေးဝင်းအောင်က မဇ္ဈိမ စာဖတ်သူကဏ္ဍကို မေးလ်နဲ့ စာတစ်စောင် ပေးပို့လာပါတယ်။ သူ့စာထဲမှာ ရေးထားတာကတော့ ဘာသာရေးနဲ့ ပျော်ပွဲရွှင်ပွဲ မခွဲခြားဘဲ ပြုလုပ်နေကြတာအပြင် ကျယ်လောင်စွာ ဖွင့်နေတဲ့ အသံတွေ ကြောင့် ရပ်ကွက် ပြည်သူတွေမှာ စိတ်နှလုံး မချမ်းမြေ့ ဖြစ်ကြရတဲ့အကြောင်း ရေးထားတာကို စိုးရိမ် စိတ်နဲ့ ဖတ်ကြည့်တဲ့အခါ မည်သည့်ဘာသာကိုမှ ပုတ်ခတ်ရေးသားထားတာ မဟုတ်ဘဲ သူယုံကြည် သက်ဝင်တဲ့ ဗုဒ္ဓဘာသာကို အစွန်းအထင်း မရှိစေချင်တဲ့ စိတ်နဲ့ ရေးသားခဲ့တာ ဖြစ်တယ်လို့ ယူဆ တာကြောင့် မဇ္ဈိမ စာဖတ်သူကဏ္ဍမှ ဖော်ပြပေးပါရစေ။

စာရေးခဲ့သူဟာ ဗဟန်းမြို့နယ် ဆရာစံရပ်ကွက်မှာ နေထိုင်ပြီး ဗုဒ္ဓဘာသာကို ယုံကြည်ကိုး ကွယ်သူ တစ်ယောက် ဖြစ်တယ်လို့ ဆိုပါတယ်။ သူတို့ရပ်ကွက်မှာ ကျင်းပနေတဲ့ တရားပွဲတွေနဲ့ မကြာခင် ကျင်းပတော့မယ့် နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲအကြောင်းကို ပြောချင်လို့ ရေးလိုက်တဲ့စာလို့ ပြောပါတယ်။ ပွင့်လင်းရာသီ ဖြစ်လာတဲ့အတွက် သူတို့ရပ်ကွက်မှာ လမ်းတိုင်းလိုလို တရားပွဲတွေ ကျင်းပကြပါတယ်။ သိကြတဲ့အတိုင်း တာမွေအဝိုင်းထိပ်မှာ တံတားဆောက်နေတာကြောင့် ဦးချစ် မောင် ကားလမ်းမကြီးမှာ ကား အမြဲ ပြည့်ကျပ်နေပါတယ်။ ရွှေဂုံတိုင်ဘက်ကို ထွက်နိုင်ဖို့ လမ်းသွယ် တွေဘက်က သွားပါမှ အနည်းငယ် အဆင်ပြေပါတယ်။ ဒါပေမယ့် လမ်းတွေမှာ တရားပွဲတွေ လုပ်တော့ ကားတွေ မဝင်ရအောင် အဲဒီနေ့မတိုင်ခင်ကတည်းက လမ်းတွေ ပိတ်ပြီး စင်ဆောက်ပါ တယ်။ တကယ်ဆိုရင် ကျဉ်းမြောင်းတဲ့ လမ်းတွေမှာ မကျင်းပဘဲ ကျယ်ကျယ်ဝန်းဝန်းရှိတဲ့ ကျိုက္ကဆံ ကွင်းတို့ ဗိုလ်စိန်မှန်ကွင်းတို့မှာ လုပ်ဖို့ ကောင်းပါတယ်။

တာဝန်ရှိသူတွေကလည်း အခြားပွဲတွေ လုပ်တာကိုတောင် ခွင့်ပြုတာပဲ။ တရားပွဲကိုတော့ ခွင့်မပြုစရာ အကြောင်းမရှိပါဘူးလို့ ဆိုပါတယ်။ တရားပွဲကျင်းပမယ့် လမ်းနံမည်ကို ဆိုင်းဘုတ်ဆွဲပြီး တရားပွဲလုပ်ရင် တရားနာမယ့်သူတွေ အများကြီး လာကြမှာပါလို့ ရေးပါတယ်။

နောက်တစ်ခုက ဒီမြို့နယ် ဆရာစံရပ်ကွက်မှာ ကျင်းပပြုလ်ုပနေကျဖြစ်တဲ့ နှစ်ကျိပ်ရှစ်ဆူ ဘုရားပွဲပါ။ ဘုရားပွဲမစခင် တပတ်ကျော်လောက်ကတည်းက လမ်းတွေပိတ်ပြီး မဏ္ဍပ် ဆောက်ကြပါ တယ်။ ဘုရားပွဲက ၅ ရက်ဆိုတော့ နှစ်ပတ်ကျော်လောက် လမ်းတိုင်းမှာ အသံချဲ့စက်ကြီးတွေနဲ့ ဆူညံပြီး အိမ်မှာ နှစ်ယောက် ကပ်ထိုင်ပြီး စကားပြောရင် မကြားကြရတဲ့အထိ ကျယ်လောင်စွာ ဖွင့်ကြ တာကို ရပ်ကွက်ပြည်သူတွေမှာ စိတ်ဆင်းရဲခြင်း ကြီးစွာ ခံစားကြရပါတယ်။ လမ်းမကြီးတလျှောက်မှာ လည်း ဈေးဆိုင်ခန်းတွေ ရောင်းချနေ ကြပြီး ဆိုင်ဖွင့်ခ ငွေကောက်တာ ဘုရားလူကြီးက ရသလား၊ စည်ပင်ကပဲ ရသလား မသိပါဘူး။ တကယ်အခက်တွေ့ ဒုက္ခရောက်ရတာက ကားတွေနဲ့ ခရီးသွား ပြည်သူတွေပါလို့ ပြောပါတယ်။ ဘုရားပွဲရက်မှာ ကိုယ်ပိုင်ကားတွေ ထားစရာမရှိလို့ ကြုံရာရပ်ရ တာကြောင့် ကားပစ္စည်း ပျောက်ဆုံး ပျက်စီးရတာတွေလည်း ရှိတယ်လို့ ဆိုပါတယ်။

ဘုရားပွဲအတွက် လမ်းအလိုက် တစ်အိမ်ထောင်ကို အနည်းဆုံး ငါးထောင်ထည့်ကြရပြီး ဘုရားပွဲပြီးလို့ ငွေ စာရင်းရှင်းတမ်း ဝေတော့ ကုန်ကျငွေက သူတို့လမ်းမှာ ၆၆ သိန်းပါတဲ့။ လမ်းကိုပင့်တဲ့ဘုရား ရွှေချတာကို ရပ်ကွက်ပြည်သူတွေက သူတို့ သဒ္ဓါတရား ရှိသလို လာရောက်ကပ်လှူကြတာပါ။ ဘုန်းကြီး ဆွမ်း နေ့စဉ် ကပ်တာကလည်း ဘုံစွမ်းခေါ်တဲ့ အိမ်တစ်အိမ်ဆီက ဆွမ်း၊ ဟင်း၊ အချိုပွဲ လာကပ်ကြတာ ဖြစ်ပါတယ်။ တ ကယ်ကုန်တာက မဏ္ဍပ်ကို တစ်လမ်းနဲ့တစ်လမ်း အပြိုင်အဆိုင် ဆောက်တာ၊ ကက်ဆက်၊ ဆောင်းဘောက် ကြီးတွေ ငှားတာ၊ အဆိုတော် ငှားပြီး ပွဲလုပ်သလို ကာရာ အိုကေ ဆိုတာတာတွေက ကုန်ကျတာ ဖြစ်တယ် လို့ ရေးပါတယ်။

ဗုဒ္ဓဘာသာ ထွန်းကား ပြန့်ပွားဖို့အ တွက် ဘာသာရေးစစ်စစ် လုပ်စေချင်ပြီး အဲဒီ ကုန်ကျတဲ့ ငွေတွေကို သာသနာအတွက် အကျိုးရှိ အောင် လုပ်စေချင်တဲ့အပြင် ပြည်သူတွေ လမ်းတွေပိတ်လို့ အခက်တွေ့ရတာ ဆူညံပွတ်လော ရိုက်နေ တဲ့ အသံတွေကို နှစ်စဉ်နှစ်တိုင်း ဘုရားပွဲ၊ တရားပွဲ ကျင်းပရင်း ခံစားနေကြရ တဲ့ ဝေဒနာတွေကို ပြောပြချင်လို့ ရေးလိုက်ရပါတယ်လို့ ဆိုလာတဲ့စာကို ဖော်ပြလိုက် ပါတယ်။
Mizzima - News in Burmese

0 comments:

Post a Comment