Thursday, January 14, 2016

ဂျကာတာ တိုက်ခိုက်မှု ကြိုးကိုင်သူ နာမည်ကို ဖော်ထုတ်

အင်ဒိုနီးရှား နိုင်ငံ မြို့တော် ဂျကာတာမှာ အချိန်ကိုက် လုပ်ဆောင်ခဲ့တဲ့ တိုက်ခိုက်မှု တွေရဲ့ နောက်ကွယ်က သူဘယ်သူ ဘယ်ဝါလဲဆိုတာကို အင်ဒိုနီးရှားရဲ တွေက နာမည်တပ် ပြောဆိုလိုက်ပါတယ်။

အစ္စလာမ်မစ် လက်နက်ကိုင် Bahrun Naim ဘေရွန်း နာအီးမ်ဆိုသူကို ဖမ်းဆီး နိုင်ဖို့ လိုက်လံရှာ ဖွေ aနတယ် လို့လည်း အင်ဒိုနီးရှား အာဏာပိုင် တွေက ပြောပါတယ်။

အဲဒီ့ သူဟာ အစ္စလာမ်မစ် နိုင်ငံအဖွဲ့IS ရဲ့ အဖွဲ့ဝင်တစ်ယောက် ဖြစ်ပြီး၊ IS ထဲမှာ ပိုပြီးအရေးပါ အရာ ရောက်သူ ဖြစ်လိုတဲ့အတွက် ဂျကာတာ တိုက်ခိုက်မှု တွေကို စီစဉ်ခဲ့တာ ဖြစ်တယ်ဆိုပြီး တော့လည်း သတင်းတွေထွက် နေပါတယ်။

ဂျကာတာ မြို့လယ်က နေရာတချို့ကို သေနတ်နဲ့ ဗုံးတွေ ကိုင်ဆောင် ထားကြတဲ့ ဝတ်စုံနက် ဝတ်ဆင် ထားသူ တွေ တိုက်ခိုက်ခဲ့ကြတာ ဖြစ်ပါတယ်။ အဲဒီ့ ဖြစ်ရပ်မှာ သေနတ် သမား ၅ ဦးနဲ့ အရပ်သား ၂ ဦး တို့ သေဆုံး ခဲ့ကြ ပါတယ်။
BBC Burmese



0 comments:

Post a Comment