Monday, January 11, 2016

ထိုင်းနိုင်ငံတွင် သေဒဏ် ချမှတ်ခံရသည့် မြန်မာနိုင်ငံသား နှစ်ဦး အမှုမှန် ပေါ်ရေးအတွက်ဆန္ဒပြု လက်မှတ်စာအုပ်အား ထိုင်းသံရုံးထံသို့ ပို့ဆောင်

 
 သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံသားအမှု တရားမျှတမှုရှိရေး၊ အမှုမှန် ပေါ်ပေါက်ရေးအတွက် မြန် မာနိုင်ငံသား နှစ်သောင်းခွဲကျော် ဆန္ဒပြု လက်မှတ်ရေးထိုးထားသည့် စာအုပ်ကို ထိုင်းသံရုံးကိုယ်စား တာဝန် ကျ မြို့နယ်ရဲတပ်ဖွဲ့မှူးက လက်ခံရယူစဉ် (ဓာတ်ပုံ-ဝေလင်းအောင်) ထိုင်းနိုင်ငံတွင်သေဒဏ်ချမှတ်ခံထားရ သည့် မြန်မာနိုင်ငံသားအမှု တရားမျှတမှုရှိရေး၊ အမှုမှန် ပေါ်ပေါက်ရေးအတွက် မြန်မာနိုင်ငံ သား နှစ်သောင်းခွဲကျော် ဆန္ဒပြု လက်မှတ်ရေးထိုးထားသည့် စာအုပ်အား အရပ်ဘက် အဖွဲ့အစည်းဝင် အချို့က ဇန်န၀ါရီ ၁၁ ရက် နံနက်ပိုင်းတွင် ထိုင်းနိုင်ငံ သံရုံးသို့ သွားရောက် ပို့ဆောင်ခဲ့ကြသည်။

ထိုသို့ ပို့ဆောင်ခဲ့သည့် လက်မှတ်စာအုပ်အား ထိုင်းသံရုံး တာဝန်ရှိသူများက ကိုယ်တိုင် လက်ခံခဲ့ခြင်း မရှိဘဲ တာဝန်ကျ မြို့နယ်ရဲတပ်ဖွဲ့မှူးက တာဝန်ယူ လက်ခံပေးခဲ့ကြောင်း သိရှိရသည်။

“ဆန္ဒပြု လက်မှတ်တွေကို ရဲမှူးက လက်ခံရယူပေးပြီးတော့ သူကနေတစ်ဆင့် ထိုင်းသံရုံးက တာဝန်ရှိ သူတွေကို ၀င်ပေးပါတယ်။ ကျွန်တော်တို့က ဆန္ဒပြုလက်မှတ် စာအုပ်ကို မိတ္တူကူးယူထားတာ ရှိတယ်။ အဲဒီ မိတ္တူစာအုပ်ကို နိုင်ငံတော် သမ္မတရုံးနဲ့ ဗြိတိသျှသံရုံးကိုလည်း တစ်ပတ်အတွင်း ပို့ဆောင်သွားဖို့ ရှိပါတယ်” ဟု ဆန္ဒပြု လက်မှတ်စာအုပ်အား သွားရောက် ပို့ဆောင်ခဲ့သူ တစ်ဦးဖြစ်သည့် ကိုသီဟမောင်မောင်က ဇန်န၀ါရီ ၁၁ ရက်တွင် ပြောကြားခဲ့သည်။

အဆိုပါ ဆန္ဒပြု လက်မှတ်များမှာ ဒီဇင်ဘာလအတွင်းက နိုင်ငံတစ်ဝန်းရှိ မြို့နယ် ၁၂ မြို့တွင် နေထိုင် သည့် မြန်မာနိုင်ငံသား နှစ်သောင်းရှစ်ထောင်ကျော်က လက်မှတ် ရေးထိုးထားခြင်းဖြစ်ပြီး ယင်းလက် မှတ်များကို အရပ်ဘက် လူငယ်အဖွဲ့စည်းများက ပူးပေါင်းကောက်ခံ၍ ပို့ဆောင်ခြင်းဖြစ်ကြောင်း သိရသည်။

ယင်းဆန္ဒပြု လက်မှတ် စာအုပ်တွင် မြန်မာနိုင်ငံသားများက သေဒဏ် ချမှတ်ခံထားရသည့် မြန်မာနိုင်ငံ သား နှစ်ဦးအတွက် တရားမျှတမှုရှိရေး၊ အမှုမှန် ပေါ်ပေါက်ရေး၊ သေဒဏ် ချမှတ်ထားမှုကို လက်မ ခံကြောင်း၊ အမှုတွင် သံသယဖြစ်ဖွယ် အချက်များစွာ ပါဝင်နေသည်ကို ထိုင်းအစိုးရ တာဝန်ရှိသူများ အနေဖြင့် ပြန်လည်သုံးသပ်ပေးရန် စသည့် တောင်းဆိုမှုများ ပါဝင်ကြောင်း သိရသည်။
ဝေလင်းအောင်၊ နေမျိုးဝင်း
Eleven Media Group

0 comments:

Post a Comment