Tuesday, January 19, 2016

ဂျပန်နိုင်ငံ၌ ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လူ ၂၅၀ ဦး ဒဏ်ရာရ ဆက်သွယ်ရေး ပြတ်တောက်

250 injured as heavy snow falls on eastern, northeastern Japan
တိုကျို ၊ ၁၉-၁-၂ဝ၁၆
ဂျပန်နိုင်ငံ မြောက်ပိုင်းနှင့် အရှေ့ပိုင်း ၌ ဇန်နဝါရီ ၁၈ ရက်က ဆီးနှင်းထူထပ်စွာ ကျဆင်းမှုကြောင့် လူ ၂၅၀ ဦးခန့် ဒဏ်ရာရရှိခဲ့ပြီး ဆက်သွယ်ရေး ပြတ်တောက်ကာ အမြန် လမ်းမကြီး၏ တချို့နေရာ များကို ပိတ်ထား ရကြောင်း နိုင်ငံပိုင် NHK သတင်းဌာနက ဇန်နဝါရီ ၁၈ ရက်တွင် ထုတ်ပြန် ထားသည်။

ထို့ပြင် ဆီးနှင်း ကျဆင်းမှုကြောင့် လေယာဉ် ခရီးစဉ်များကို ဖျက်သိမ်းခဲ့ရပြီး Shinkansen ကျည်ဆန်မီးရ ထား ခရီးစဉ်များကိုလည်း ဆိုင်းငံ့ထားကြောင်း ၄င်း သတင်းဌာန က ထုတ်ပြန် ထားသည်။အဆိုပါ ဆီးနှင်း များသည် ဇန်နဝါရီ ၁၉ ရက် နံနက် ၆ နာရီမှစ၍ ၂၄ နာရီ အတွင်း တိုဟိုကူဒေသ၌ စင်တီမီတာ ၈ဝ နှင့် ဟော့ကိုင်းဒိုး အပါအဝင် ဟော့ကာရီကူ နှင့် တိုကိုင်ဒေသ တို့တွင် နှင်းထု စင်တီမီတာ ၆ဝ အထိ ဆက်လက်ကျဆင်း နိုင်ကြောင်း မိုးလေဝသ အေဂျင်စီက ခန့်မှန်းထားသည်။

ဆီးနှင်းများ ကျဆင်းမှုကြောင့် ယာဉ်ကြော ပိတ်ဆို့မှုများလည်း ဖြစ်ပွားခဲ့သဖြင့် အစောပိုင်း ရုံးတက်၊ ရုံးဆင်း ဝန်ထမ်းများမှာ ပိတ်မိနေကြောင်း သိရသည်။
PyiChitThar

0 comments:

Post a Comment