Friday, January 15, 2016

ကမ္ဘာ့အကြီးဆုံးချောက်ကြီးကို အန္တာတိက ရေခဲပြင်အောက်တွင် တွေ့ရှိ


လန်ဒန် ၊ ၁၅-၁-၂၀၁၆
ဘူမိဗေဒပညာရှင်များသည် အလျား ၆၂၁ မိုင် (၁ဝဝဝ ကီလိုမီတာ) ရှည်လျားသော ကမ္ဘာ့အကြီးဆုံး ချောက် ကြီးကို အန္တာတိက ဒေသရှိ ရေခဲပြင်ကြီး အောက်တွင် တွေ့ရှိခဲ့ကြောင်း သိရသည်။

အဆိုပါ ချောက်ကြီးသည် ဗြိတိန်နိုင်ငံထက် ပိုမိုကြီးမားပြီး ရေခဲပြင်အောက် မိုင်ဝက်ခန့်တွင် တည် ရှိကြောင်း နှင့် ၂ဝ၁၃ ခုနှစ်က ကမ္ဘာ့ အကြီးဆုံး ချောက်ကြီး အဖြစ် စံချိန်တင် ထားသော ဂရင်းလန်းဒေသ မှ ရေခဲပြင် အောက်ရှိ ချောက်ကြီးမှာ အလျားမိုင် ၄၆ဝ သာရှိပြီး အာရီဇိုးနယ် ပြည်နယ်မှ လူသိများ ထင်ရှားသော Grand Canyon အမည်ရှိ ချောက်ကြီးမှာ အလျား ၂၇၇ မိုင်သာ ရှိကြောင်း သိရသည်။

ယခု ကမ္ဘာ့အကြီးဆုံး ချောက်ကြီးကို အမည် မသတ်မှတ်ရ သေးကြောင်းနှင့် ယင်း ချောက်ကြီးအား ဂြိုဟ်တုဓာတ်ပုံ များအပြင် ရေခဲပြင်ကို ဖောက်ထွင်းနိုင်သည့် ရေဒီယို ပဲ့တင်သံ ထုတ်လွှင့်ခြင်း နည်းဖြင့် ရှာဖွေ တိုင်းတာမှုများ ပြုလုပ်ခဲ့ခြင်း ဖြစ်ကြောင်း ပညာရှင်များက ပြောကြားသည်။

အဆိုပါ ချောက်ကြီးသည် Princess Elizabeth Land နီးတွင်တည်ရှိပြီး ယင်းသည် ရှာဖွေတွေ့ရှိခြင်း မရှိသေးသည့် မြေအောက် ရေကန်ကြီး တစ်ခုနှင့် ဆက်သွယ်ထားဖွယ် ရှိသည်ဟု သိပ္ပံပညာရှင် များက ခန့်မှန်းထားသည်။
PyiChitThar

0 comments:

Post a Comment