Sunday, January 3, 2016

ကျောက်မဲ တိုးဂိတ်တွင် ကျောက်စိမ်းများဖမ်းမိ။

News/Photo Tin Maung Thein
၂၀၁၆ ဇန္နဝါ ရီ ၃ ရက်၊ ကျောက် မဲ

ကျောက်မဲမြို့မရဲစခန်းမှ နယ်ထိန်း ခေါင်းဆောင် ရဲအုပ် မင်းမင်း နှင့်အဖွဲ့သည် ယနေ့ညနေ ၅နာရီ ၁၅မိနစ် တွင် မန္တလေးမှ မူဆယ်ဘက်သို့ မောင်းနှင်လာသည့် 3C/3855 ပါဂျဲရိုးခဲပြာရောင် ကားအားရှာ ဖွေရာ ယာဉ်အတွင်းသို ဝှက်သယ် ဆောင်လာ သော ကျောက်စိမ်းတုံးများ ဖမ်းဆီးရမိသည်။


ဖမ်းဆီးရမိ သော ကျောက်စိမ်းတုံးများမှာကျောက်စိမ်းတုံးကြီး ၂၄တုံး၊ အ လေးချိန်၂၃၀Kgm၊ ကျောက်စိမ်း တုံးငယ်ဆိုက်စုံ အ လေးချိန် 68.75Kgm၊ နှင့် ကျောက်စိမ်းပား ဖြတ်စအ လေးချိန် 2.60Kgm တို့ကို သိမ်း ဆည်းရမိသည်။
အဆိုပါယဉ်ကို မောင်း နှင်လာ သော မန္တလေးမြို့မဟာ အောင်မြေရပ်နေ (ဘ)ဦးတင်ဦး၏သား ကိုထွန်းနိုင်နှင့် မြင်းခြံမြို့ ကုတ်ကဲရွာနေ (ဘ)ဦးဌေးမောင်၏သား ကိုသိန်းဇော်တို့အား အမှု ဖွင့် အရေးယူ ထားကြောင်း သိရသည်။
FB Tin Maung Thein

0 comments:

Post a Comment