Friday, December 11, 2015

ဒေါ်အောင်ဆန်းစုကြည်နှင့် NLD သည် တိုင်းပြည်တိုးတက်အောင် ပဲ့ကိုင်နိုင်မည်ဟု ဦးပိုင် လီမိတက် တည်ထောင်သူ ဗိုလ်မှူးချုပ် အေဘယ်လ် (ငြိမ်း) ပြောကြား

ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) သည် တိုင်းပြည် တိုးတက်အောင် ပဲ့ကိုင်ဦးဆောင်နိုင်မည်ဟု ယုံကြည်ကြောင်း၊ ၁၉၈၈ ခုနှစ် စစ်တပ်မှ အာဏာ သိမ်းပြီးနောက် ဖွဲ့စည်းခဲ့သော နိုင်ငံတော် ငြိမ်ဝပ်ပိပြားမှုတည်ဆောက်ရေးအဖွဲ့ (SLORC) စစ်အစိုးရ၏ အဓိကစီးပွားရေး အကြံပေး ဗိုလ်မှူးချုပ် ဒေးဗစ်အေဘယ် (ငြိမ်း) Nikkei Asian Review သို့ ပြော ကြားခဲ့သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည် ဒီဇင်ဘာ (၄) ရက်နေ့က ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေနှင့် နှစ်နာရီကျော်ကြာ တွေ့ဆုံပြီးနောက် ဗိုလ်မှူးချုပ်အေဘယ် (ငြိမ်း) ၏ မှတ်ချက် ပေါ်ထွက်လာခြင်းဖြစ်သည်။ ဦးအေဘယ် (၈၁) နှစ်သည် အတိုင်ပင်ခံ ကုမ္ပဏီတခုကို ဦးဆောင်လုပ် ကိုင်လျက်ရှိသည်။

စစ်တပ်အဆင့်မြင့်အရာရှိကြီးများ အသိုင်းအ၀န်းတွင် ဒေါ်အောင်ဆန်းစုကြည်၏ နာမည်ကို ထုတ်ဖော်ပြောကြား၍မရ သည်အထိပင် ဆယ်စုနှစ်ပေါင်းများစွာကြာ ပုဂ္ဂိုလ်ရေးအရ မလိုမုန်းထားမှု ရှိခဲ့ပြီး နောက် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) သန်းရွှေက NlD သည် ရွေးကောက်ပွဲတွင် အပြတ်အသတ် အနိုင်ရရှိသော ကြောင့် ဒေါ်အောင်ဆန်းစုကြည်ကို အနာဂတ်ခေါင်းဆောင်အဖြစ် အသိအမှတ်ပြုဖို့ လိုကြောင်း ပြောကြား ခဲ့သည်ဟု ဆိုသည်။

ဗိုလ်မှူးချုပ် အေဘယ် (ငြိမ်း) သည် စစ်လက်နက်ပစ္စည်း ညွှန်ကြားရေးရာထူးမှ ၁၉၉၁ ခုနှစ်တွင် အငြိမ်းစား ယူခဲ့ပြီးနောက် ကုန်သွယ်ရေးဝန်ကြီး၊ အမျိုးသားစီမံကိန်းနှင့် စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုဝန်ကြီးဌာန ၀န်ကြီး အဖြစ် တာဝန်ယူခဲ့သည်။ ၎င်းသည် ၂၀၀၃ ခုနှစ် သြဂုတ်လ ၂၅ အထိ နိုင်ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုးရေးကောင်စီဥက္ကဋ္ဌရုံး ၀န်ကြီးဖြစ်ခဲ့သည်။ ဦးအေဘယ်သည် ၁၉၉၀ ပြည့်နှစ်တွင် ဖက်စပ်ကုမ္ပဏီ ၁၂ ခုနှင့်အတူ မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်ကို တည်ထောင်ခဲ့သည်။
News Watch(စောင့်ကြည့်သတင်းဂျာနယ်)
Ref: (Asian Review)

0 comments:

Post a Comment