Monday, December 21, 2015

၂၀၁၅ Miss Universe အလှမယ် ရွေးပွဲကြီးမှာ အနိုင်ရသူရဲ့ နာမည်ကို မှားယွင်းကြေညာခဲ့

အခုနှစ် ၂၀၁၅ Miss Universe အလှမယ် ရွေးပွဲကြီးမှာ အနိုင်ရသူရဲ့ နာမည်ကို မှားယွင်းကြေညာခဲ့မိတဲ့ အတွက် အခြေအနေရှုပ်ထွေးသွားခဲ့ပါတယ်။

အစီအစဉ်တင်ဆက်သူအမေရိကန်လူရွှင်တော် Steve Harvey က စင်မြင့်ပေါ်တက်လာပြီး အနိုင်ရသူ အစစ်အမှန်ဟာ ဖိလစ်ပိုင်အလှမယ် ဖြစ်တယ်လို့ ထုတ်ဖော်ပြောခဲ့ချိန်မှာ ပထမမှားယွင်း ကြေညာခံရတဲ့ ကိုလမ်ဘီယာမယ်ဟာ ဆုရသရဖူကို အပ်နှင်းခံထားပြီးနေပြီ ဖြစ်ပါတယ်။

Steve Harvey ဟာ သူ့အမှားအတွက်တောင်းပန်နေချိန်မှာ အလှမယ်နှစ်ယောက်ဘေးချင်းယှဉ်ရပ်ပြီး သရဖူကို ပြောင်းဆောင်း ပေးနေတဲ့ အချိန်ဟာ အတော်ကို ကသိကအောက် ဖြစ်စရာ အခြေ အနေဖြစ်ခဲ့ပါတယ်။
BBC Burmese

0 comments:

Post a Comment