Tuesday, December 15, 2015

ပြင်သစ်တွင် ISIS အဖွဲ့နှင့်ဆက်နွယ်သည့် တိုက်ခိုက်မှု ထပ်မံဖြစ်ပွား

ပဲရစ် ၊ ၁၅-၁၂-၂၀၁၅
ပြင်သစ်နိုင်ငံ မြောက်ပိုင်း စိန့်ဒန်းနစ် ဒေသ သြဘာဗေးလာစ်မြို့ ရှိ မူကြိုကျောင်း တစ်ခုတွင် စာသင် ရန် ရောက်ရှိလာသည့် ကျောင်းဆရာ တစ်ဦးအား ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့နှင့် ဆက်နွှယ်သူ တစ်ဦးက ဓားထိုး တိုက်ခိုက်မှု ကျူးလွန်ခဲ့ကြောင်း ပြင်သစ် တာဝန်ရှိသူ များက ဒီဇင်ဘာ ၁၄ ရက် တွင် ပြောကြားထားသည်။

တိုက်ခိုက်ခံရသည့် ကျောင်းဆရာကို ဆေးရုံသို့ ပို့ဆောင်ထားပြီး ၄င်းမှာ စိုးရိမ်ဖွယ်ရာ အခြေအနေ မရှိတော့ကြောင်း၊ တိုက်ခိုက်မှု ကျူးလွန်သူမှာ မျက်နှာဖုံး စွပ်ထားကာ ဓားတစ်ချောင်းကို ကိုင်ဆောင် လာခြင်း ဖြစ်ကြောင်း၊
တိုက်ခိုက်မှု လုပ်ဆောင်ပြီး နောက် အခင်းဖြစ်ပွားရာ နေရာမှ ထွက်ပြေး သွားကြောင်းနှင့် ၄င်းကို အကြမ်းဖက်မှု ချေမှုန်းရေး တပ်ဖွဲ့များက စုံစမ်း စစ်ဆေးမှုများ လုပ်ဆောင်လျက် ရှိကြောင်း တာဝန်ရှိ သူများက ပြောကြားထားသည်။

ယင်း အကြမ်းဖက် သမားသည် ကျောင်းဆရာ၏ လည်ပင်းကို ဓားဖြင့် တိုက်ခိုက်စဉ် ယင်းသို့ လုပ်ဆောင်မှု သည် ISIS အစ္စလာမ္မစ် စစ်သွေးကြွ အဖွဲ့အတွက် ဖြစ်ကြောင်းနှင့် သတိပေးမှုတစ်ခု ဖြစ်ကြောင်း အော် ဟစ်ပြောကြားခဲ့ သည်ဟု တရားရေးဌာန တာဝန်ရှိသူ တစ်ဦးက ပြောကြား ထားသည်။

အဆိုပါ တိုက်ခိုက်မှုသည် ပြီးခဲ့သည့်လက အပြစ်မဲ့ပြည်သူ ၁၃ဝ ကျော် သေဆုံးခဲ့သည့် ပဲရစ်မြို့အတွင်း ISIS အစ္စလာမ္မစ် စစ်သွေးကြွ အကြမ်းဖက် သမားများ၏ တိုက်ခိုက်မှု ပြီးနောက် တစ်လအကြာ တွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

ထို့ပြင် ဗြိတိန်မြေအောက် ဘူတာရုံ၌ ဖြစ်ပွားခဲ့သည့် အကြမ်းဖက် ဓားထိုး တိုက်ခိုက်မှု ပြီးနောက် ရက်အနည်းငယ် အကြာတွင် ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။
Pyi Chit thar

0 comments:

Post a Comment