Wednesday, December 9, 2015

ဆန်ဘနာဒီနိုးမှာ တိုက်ခိုက်သူ တွေရည်းစား ဘဝမှာ ကတည်းက ဘာသာရေး အစွန်းရောက်တွေ အဖြစ် သိမ်းသွင်းခံခဲ့ရ



ကယ်လီဖိုး နီးယား ပြည်နယ် ဆန်ဘနာဒီနိုးမှာ တိုက်ခိုက်မှုတွေ ပြုလုပ် ခဲ့ကြတဲ့ လင်မယား စုံတွဲဟာ သူတို့ နှစ်ယောက် ချစ်သူ ရည်းစား ဘဝမှာ ကတည်းက ဘာသာရေး အစွန်းရောက်တွေ အဖြစ် သိမ်းသွင်းမှုကို ခံခဲ့ရတာ ဖြစ်တယ်လို့ အမေရိကန် ထောက်လှမ်းရေး ဗျူရို FBI ရဲ့ ဒါရိုက်တာ ဂျိမ်းစ် ကိုမီ က ပြောကြားလိုက်ပါတယ်။

အမေရိကန်မှာ မွေးဖွားခဲ့တဲ့ ယောက်ျား ဖြစ်သူ ရဇ်ဝမ် ဖာဟု နဲ့ ပါက္ကစတန် နိုင်ငံဖွား အမျိုးသမီး ဖြစ်သူ တက်ရှ်ဖန် မာလစ် တို့ နှစ်ဦးဟာ ၂၀၁၃ ခုနှစ် ကာလတွေမှာ မွတ်စလင် တို့ရဲ့ ဘာသာရေး စစ်ပွဲ နဲ့ လူစွမ်းကောင်း ဝါဒတွေ အကြောင်းကို အွန်လိုင်း ကနေ ဆွေးနွေး ခဲ့ကြတယ်လို့ လည်း ဆက် ပြောပါတယ်။

ပစ်ခတ် တိုက်ခိုက် မှုတွေ အတွက် သူတို့ လင်မယား နှစ်ယောက်ကို အခြား တစ်စုံတစ်ယောက်က ကူညီမှု တွေ ပေးခဲ့သလား ဆိုတာနဲ့ ပါတ်သက်လို့ FBI အနေနဲ့ ဆက်လက် စုံစမ်း နေကြောင်း လည်း ပြောကြားခဲ့ပါတယ်။
BBC Burmese

0 comments:

Post a Comment