Monday, December 7, 2015

ထိုင်းနိုင်ငံ ဆာလာပူရီမြို့တွင် သေနတ်ပစ်ခံရသည့် ဆောက်လုပ်ရေးမြန်မာလုပ်သား ၁၇ ဦးအနက် ၂ ဦးကို ရှာမတွေ့သေး

ထိုင်းနိုင်ငံ ဆာလာပူရီမြို့ နောက်တိုး ၅ ရပ်ကွက် ယူနစ်မိုးပျံရထားဆောက်လုပ်ရေး ကုမ္ပဏီတွင် အလုပ် လုပ်ကိုင်နေသည့် မြန်မာအလုပ်သမား ၁၇ ဦး သေနတ်ဖြင့် ပစ်ခတ်ခံရမှုမှ ၂ ဦးမှာ ပျောက်ဆုံးနေကြောင်း ထိုင်းနိုင်ငံ ရောက် မြန်မာအလုပ်သမားများထံမှ သိရှိရသည်။

“သေသလား၊ ရှင်သလားတောင် မသိရသေးဘူး။ အခုထိ အဲဒီနှစ်ယောက်ကို ရှာမတွေ့သေးဘူး။ သေ နတ်ဒဏ်ရာက ပြင်းထန်ကြတဲ့သူတွေလည်း ရှိပါတယ်။ အစုလိုက်ပြေးကြတော့ ပြေးတဲ့သူတွေ ကို နောက်ကနေ အကုန်ပစ်ပါတယ်” ဟုသေနတ်ဒဏ်ရာရရှိထားသည့် ကိုဖြိုးကပြောသည်။

လက်ရှိတွင် သေနတ်ဒဏ်ရာရရှိထားသူ ၁၅ ဦးသည် ထိုင်းနိုင်ငံ ဆာလာပူရီမြို့တွဲဖက်ဆေးရုံ တွင် ဆေးဝါး ကုသမှုခံယူနေရပြီး ယင်းအနက်မှ အချို့မှာ စိုးရိမ်ရသည့်အခြေအနေတွင်ရှိကြောင်း ၎င်းထံမှ သိရသည်။

ထိုင်းနိုင်ငံတွင် အလုပ်လုပ်နေသည့် မြန်မာ ၁၇ ဦးသည် ဒီဇင်ဘာလ ၄ ရက်ညက ရှိုးပွဲကြည့်သွားရာမှ အပြန်တွင် လုပ်ငန်းခွင်အနီးအရောက် လူတစ်စုက သေနတ်များဖြင့် ပစ်ခတ်ခြင်းကို ခံခဲ့ ရခြင်းဖြစ်ကြောင်း သိရသည်။

“လောလောဆယ်မှာတော့ ဘယ်သံရုံး၊ ဘယ်အဖွဲ့အစည်းကမှ ကျွန်တော်တို့ဆီကိုလာပြီး ကူညီတာတော့ မရှိသေးပါဘူး။ ကုမ္ပဏီကပဲ လောလောဆယ် တာဝန်ယူပြီးဆေးကုသပေးနေပါတယ်” ဟု လူနာစောင့် ကိုဖိုးသားက ပြောသည်။

သေနတ်ပစ်ခံရသည့် မြန်မာ ၁၇ ဦးအနက်မှ ၂ ဦးကို အခင်းဖြစ်ပွားခဲ့သည့် ဒီဇင်ဘာ၎ ရက်နေ့ညပိုင်းမှ စ၍ ဒီဇင်ဘာ ၆ ရက်အထိ ရှာဖွေတွေ့ရှိခြင်း မရှိသေးကြောင်းသိရသည်။
သတင်း -MMK
The Ladies News Journal

0 comments:

Post a Comment