Monday, December 7, 2015

ရှေ့တစ်လှမ်းတိုးဖို့ နောက်နှစ်လမ်းဆုတ်တာလား

December 7 , 2015.
လက်ငင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်းတွင် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)နှင့် ဒေါ်အောင်ဆန်းစုကြည်တို့၏ သီး သန့်တွေ့ဆုံဆွေးနွေးမှု သည် ထိပ်တန်းသတင်း၊ စိတ်ဝင်စားမှု အများဆုံးသတင်းဖြစ်နေ သည်။ ရွေးကောက်ပွဲ တောင်ပြို ကမ်းပြိုအနိုင်ရရှိမှုအလွန် အစိုးရခေါင်းဆောင်၊ တပ်မတော်ခေါင်း ဆောင် တို့နှင့် တွေ့ဆုံဆွေးနွေး အပြီး ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)နှင့်တွေ့ဆုံမှုသည် ဒီမိုကရေစီအ ပြောင်းအလဲအပေါ် သက်ရောက်မှုရှိလာမည်မှာ ဧကန်မုချဖြစ်သည်။ တပ်မတော်ခေါင်းဆောင်ဟောင်းနှင့်တွေ့ဆုံပြီးနောက် လူထုခေါင်းဆောင်အနေဖြင့် သမ္မတဖြစ်ရေး ပိုမိုနီးစပ်လာသည်ဟု သုံးသပ်ရ မည်ဖြစ်သည်။

  ဗိုလ်ချုပ်မှူးကြီသန်းရွှေ (ငြိမ်း)နှင့် ဒေါ်အောင်ဆန်းစုကြည်တို့သည် ၂၀၁၅ ခုနှစ် ဒီဇင်ဘာလ ၄ ရက် ညနေ ၃ နာရီတွင် နေပြည်တော်ရှိ ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)၏ နေအိမ်၌ နှစ်နာရီခွဲခန့်ကြာ တွေ့ ဆုံဆွေးနွေးခဲ့ပြီးနှစ်ဖက်ခေါင်းဆောင်များ၏ ခွင့်ပြုချက်ဖြင့် သတင်းထုတ်ပြန်ပါသည်ဟု ဗိုလ်ချုပ်မှူးကြီး
သန်း ရွှေ(ငြိမ်း)မြေး၏ လူမှုကွန်ရက်စာ မျက်နှာတွင် ဒီဇင်ဘာလ ၅ ရက် ညတွင် ဖော်ပြ ခဲ့သည်။ လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်သည် သမ္မတဦးသိန်းစိန်၊ ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင် တို့နှင့် တစ်နာရီခန့်သာ တွေ့ဆုံ ဆွေးနွေးခဲ့လင့်ကစား ဗိုလ်ချုပ်မှူး ကြီး(ငြိမ်း)နှင့် နှစ်နာရီခွဲခန့်တွေ့ ဆုံဆွေးနွေးခဲ့သည်ကို သတိပြုမိ သည်။ ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)နှင့် ဆွေးနွေးမှုသည် သမ္မတ၊ ကာ ကွယ်ရေးဦးစီးချုပ်တို့နှင့် ဆွေးနွေးမှုထက် ပိုမိုကျယ်ပြန့်သည့်အပြင် ပိုမိုအရေးပါသည့်သဘော တွေး ဆနိုင်မည်ဖြစ်သည်။

ရွေးကောက်ပွဲတွင် တရား ဝင်အနိုင်ရရှိခဲ့ပြီးနောက် မြန်မာ ပြည်၏ အနာဂတ်ခေါင်းဆောင် သည် ဒေါ်အောင်ဆန်းစုကြည်ဖြစ် လာမည်မှာ အားလုံးလက်ခံရမည့် အမှန်တရားပင်ဖြစ်သည်။ သူမ အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အမှန်တကယ် ကြိုးပမ်းဆောင်ရွက်မည်ဆိုပါက မိမိအနေဖြင့် တတ်နိုင်သည့်ဘက် မှ အစွမ်းကုန်ပံ့ပိုးကူညီမည်ဟု ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)က ပြောကြားခဲ့သည်ဟု ဗိုလ်ချုပ် မှူးကြီး(ငြိမ်း) မြေး၏ လူမှုကွန် ရက်စာမျက်နှာတွင် ဖော်ပြခဲ့ သည်။ မြန်မာပြည်၏ အနာဂတ် ခေါင်းဆောင်ဆိုသည့်အသုံးအ နှုန်းကို အလေးဂရုပြုသင့်သည်။ လတ်တလောခေါင်းဆောင်ဖြစ် မလာနိုင်သေးဟု ကောက်ယူမည် ဆိုလျှင်လည်း ငြင်းချက်ထုတ်နိုင် မည်မဟုတ်ပေ။ အကယ်စင်စစ် ဒေါ်အောင်ဆန်းစုကြည်ကို လွန်ခဲ့ သော ၂၇ နှစ်ကတည်း က မြန်မာ ပြည်၏ ခေါင်းဆောင် (သို့မဟုတ်) လူထုခေါင်းဆောင်အဖြစ် တိုင်း ရင်းသားပြည် သူလူထု အများစုက သတ်မှတ်ခဲ့ပြီးဖြစ်သည်။


 ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)အနေဖြင့် ဒေါ်အောင်ဆန်း စုကြည်ကို မြန်မာနိုင်ငံ၏ အနာ ဂတ်ခေါင်းဆောင် အဖြစ် အားလုံး လက်ခံရမည့်သဘောပြောဆိုခဲ့ လင့်ကစား ဒေါ်အောင်ဆန်းစု ကြည်ကို သမ္မတအဖြစ် အသိအ မှတ်ပြုသည်အထိ အဓိပ္ပာယ်သက် ရောက်မှု ရှိ၊ မရှိ မေးခွန်းထုတ်ရ မည်ဖြစ်သည်။ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင် လှိုင်နှင့် တပ်မတော်အနေဖြင့် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)၏ ဆန္ဒနှင့် သဘောထားကို မည်သို့မည်ပုံ တုံ့ပြန်မည်မှာ စိတ်ဝင်စားဖွယ်ရာ ဖြစ်သည်။ ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)သည် တပ်မတော်အပေါ်တွင် မည်၍မည်မျှ ဩဇာဆက်ရှိသေး သည်ကို ဆန်းစစ်နိုင်မည့် နိုင်ငံ ရေး ဘာရော်မီတာလည်းဖြစ် သည်။ တပ်မတော်အနေဖြင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)နှင့် ဒေါ်အောင် ဆန်းစုကြည်တို့၏ ဒီဇင်ဘာလ ၄ ရက်တွေ့ဆုံမှုကို မသိရှိကြောင်း သတင်းမီဒီယာ အား ပြန်လည်ဖြေကြား ခဲ့သည်။

လာမည့်လွှတ်တော်အစည်း အဝေးများတွင် တပ်မတော်ကာ ကွယ်ရေးဦးစီးချုပ်က အမည်စာ ရင်းတင် သွင်းသော တပ်မတော် သားလွှတ်တော်ကိုယ်စားလှယ် များသည် ပုဒ်မ ၅၉(စ)ကို ဖြည့် စွက်ပြင်ဆင်နိုင် ရန် ထောက်ခံ လာမည်ဆိုလျှင် တပ်မတော်နှင့် ဗိုလ်ချုပ်မှူးကြီး (ငြိမ်း)၏ ဆန္ဒ သဘောထားသည် တစ်ထပ်တည်း နီးပါးဟုကောက်ချက်ပြုနိုင်မည် ဖြစ်သည်။ ၅၉(စ)ကို ပြင်ဆင်နိုင် ရန် ပြည်လုံးကျွတ် ဆန္ဒခံယူပွဲပြု လုပ်ရမည့်အပြင် မဲပေးပိုင်ခွင့်ရှိ သူ စုစုပေါင်း၏ ထက်ဝက်ကျော် က ထောက်ခံမှသာ ပြင် ဆင်နိုင် မည်ဖြစ်သည်။ လွှတ်တော်မှာ ချည်း မပြီးသည့်အပြင် ပြည်လုံးကျွတ်ဆန္ဒခံယူပွဲအထိ တာသွား မည်ဖြစ်သည့်အလျောက် အချိန်ယူရဦးမည့် ပြင်ဆင်ရေးခရီးရှည် ပင်ဖြစ်သည်။ ၂၀၁၅ ခုနှစ် ရွေး ကောက် ပွဲစာရင်းအရ မဲပေးပိုင် ခွင့်ရှိသူ ၃၃ သန်းအနက် ၁၆ သန်းခွဲကျော်၊ ၁၇ သန်းခန့် မဲဆန္ဒရှင် များ၏ ထောက် ခံမှုကို ရရှိနိုင်ရေး အစွမ်းကုန်ကြိုးစားကြရဦးမည် ဖြစ်သည်။

 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်က တိုင်းပြည်အကျိုးကို ထိခိုက်ဆုတ်ယုတ် စေနိုင်မည့် အငြိုးအတေးနှင့် အာ ဃာတတရားများ မိမိတွင် လုံးဝ မရှိ။ အနာဂတ်မြန်မာနိုင်ငံတော် အောင်မြင်စွာ တည်ထောင်နိုင် ရေးနှင့် တပ်မတော်အပါအဝင် အဖွဲ့အစည်းအားလုံးနှင့် လက်တွဲ ပူးပေါင်းဆောင် ရွက်နိုင်ရေးတို့အ တွက်  ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)နှင့် တွေ့ဆုံလိုပါသည်ဟု ပြောကြားခဲ့ကြောင်း ဗိုလ်ချုပ်မှူး ကြီး(ငြိမ်း) မြေး၏ လူမှုကွန်ရက် စာမျက်နှာတွင် ဖော်ပြခဲ့ပြန်သည်။ လူထုခေါင်းဆောင်ဘက်က အိတ် သွန်ဖာမှောက်အငြိုးအတေးနှင့် အာဃာတများကို ဘေးဖယ်ထား ခဲ့ပြီးဖြစ်သည့်အပြင် တပ်မတော် အပါအဝင် အဖွဲ့အစည်းအားလုံး နှင့် လက်တွဲပူးပေါင်းဆောင်ရွက် နိုင်ရေးတွင် ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)၏ ဩဇာကြီးမားမှုကို အလေးအ နက်အသိအမှတ်ပြုကြောင်း အ လေးပေးဖော်ပြခဲ့သည်။

ရွေးကောက်ပွဲအလွန် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးတွင် ဗျူဟာ မြောက်သော့ချက် ကျသည့် အရပ် ဘက်-စစ်ဘက်ဆက်ဆံရေးကို ပြန်လည်ကောင်းမွန်လာစေရေး လမ်းဖွင့်ပေးမည့် တွေ့ ဆုံဆွေး နွေးမှုဖြစ်လာနိုင်သည့်နည်းတူ အ မျိုးသားပြန်လည်ရင်ကြားစေ့ရေး နှင့် ဒီမိုကရေစီပြုပြင်ပြောင်း လဲ ရေးလမ်းစပေါ် စတင်ခြေချသည့် ကနဦးခြေလှမ်းများလည်း ဖြစ် ကောင်းဖြစ်နိုင်သည်။ ဗိုလ်ချုပ်မှူးကြီး သန်းရွှေ(ငြိမ်း)က လူထုခေါင်း ဆောင် ဒေါ်အောင်ဆန်းစုကြည် အနေဖြင့် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအ တွက် အမှန်တကယ်ကြိုး ပမ်းဆောင်ရွက်မည်ဆိုပါက တတ်နိုင်သည့်ဘက်မှ အစွမ်းကုန်ပံ့ပိုး ကူညီမည် ဟု ပြောကြားခဲ့သည့်အ လျောက် ဒီမိုကရေစီရှေ့ခရီးတွင် ဒေါ်အောင်ဆန်းစုကြည်သည် ဗိုလ်ချုပ် မှူးကြီး(ငြိမ်း)၏ ကူညီပံ့ပိုးမှုများကိုလည်း အပြည့်အဝရ ရှိလာနိုင်ခြေရှိသည်ဟု သုံးသပ် နိုင်သည်။

 တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေးအတွက် အမှန်တကယ်ကြိုး ပမ်းဆောင်ရွက်မှု ရှိ၊ မရှိ မည်သို့ အကဲဖြတ် မည်နည်း။ တိုင်းရင်း သား ပြည်သူလူထုအနေဖြင့် လက်ရှိသမ္မတ ဦးသိန်းစိန် အစိုးရသည် တိုင်းပြည်ဖွံ့ဖြိုး တိုးတက်ရေးအ တွက်  အမှန်တကယ်ကြိုးပမ်း ဆောင်ရွက်မှု မရှိခဲ့သည့်အ လျောက် ၂၀၁၅ ခုနှစ် ရွေးကောက်ပွဲတွင် ဆန္ဒမဲမုန်တိုင်းဆင်ပြီး ထုတ်ဖော်ပြသခဲ့ပြီးဖြစ်သည်။ ထို နည်းတူ တော် လှန်ရေးကောင်စီ၊ မြန်မာ့ဆိုရှယ်လစ်လမ်းစဉ်ပါတီ၊ နိုင်ငံတော်ငြိမ်ဝပ်ပိပြားမှုတည် ဆောက်ရေးအဖွဲ့၊ နိုင် ငံတော် အေးချမ်းသာယာရေးနှင့် ဖွံ့ဖြိုး ရေးကောင်စီတို့သည် တိုင်းပြည် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အမှန် တကယ်ကြိုးပမ်းဆောင်ရွက်ခဲ့ကြ သည်ဟု တိုင်းရင်းသားပြည်သူလူ ထုအများစုအနေဖြင့် ယုံကြည် လက်ခံမှုလုံးလုံးမရှိသည်မှာ သိ သာမြင်သာသည်။

တိုင်းရင်းသားပြည်သူလူထု အများစုအနေဖြင့် ဒေါ်အောင် ဆန်းစုကြည်သည် တိုင်းပြည်ဖွံ့ ဖြိုးတိုးတက်ရေး အတွက် အမှန် တကယ်ကြိုးပမ်းဆောင်ရွက်မည့် သူအဖြစ် ရာနှုန်းပြည့်အသိအမှတ် ပြုထောက်ခံကြောင်း ၂၀၁၅ ခုနှစ် အထွေထွေရွေးကောက်ပွဲတွင် ပွင့်ပွင့်လင်းလင်းပြသခဲ့ပြီးဖြစ်သည်။ တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအ တွက် အမှန်တကယ်ကြိုးပမ်း ဆောင်ရွက်ခဲ့ခြင်း မရှိသူက ဒေါ်အောင်ဆန်းစုကြည်ကို မည် သည့်စံချိန်စံညွှန်းများအပေါ် အ ခြေခံလျက် တိုင်းပြည်ဖွံ့ဖြိုးတိုး တက်ရေးအတွက် အမှန်တကယ် ကြိုးစားဆောင်ရွက်သူ ဟုတ်၊ မဟုတ် အကဲဖြတ်မည်နည်း။ ထို့အပြင် တိုင်းပြည်ဖွံ့ဖြိုးတိုးတက် ရေး ဆိုသည့် ဝေါဟာရ၏အဓိပ္ပာယ် ဖွင့်ဆိုမှုအပိုင်းကို ထပ်မံဆန်းစစ်ရန် လိုအပ်ဦးမည့်သဘော မြင်တွေ့နေ ရသည်။

 လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်သည် ပြည်ထောင်စုလွှတ်တော်နာယက သူရဦးရွှေမန်း၊ သမ္မတဦးသိန်းစိန်၊ ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ် မှူးကြီးမင်းအောင်လှိုင်တို့နှင့် ကနဦးတွေ့ဆုံဆွေးနွေး ပြီးနောက် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း) နှင့် တွေ့ဆုံခဲ့သည့်အလျောက်အဆိုပါတွေ့ဆုံမှုသည် နောက် ဆုံးပိတ်အိတ်နှင့်လွယ်ခြင်းလည်း ဖြစ်ကောင်းဖြစ်နိုင်သည်။ ဩဇာ တိက္ကမအရှိဆုံးပုဂ္ဂိုလ်ကို နောက် ဆုံးတွေ့ဆုံဆွေးနွေးသည့်သဘော လည်း ဖြစ်နိုင်ခြေရှိသည်။

တိုင်းတုန်ပြည်တုန်သတင်း ကြီးကို ဗိုလ်ချုပ်မှူးကြီး(ငြိမ်း)၏ မြေး လူမှုကွန်ရက်စာမျက်နှာတွင် ရေးသား ချက်များအပေါ် အခြေခံ လျက် သုံးသပ်ဆွေးနွေးနေရသည် မှာ မချိတင်ကဲနိုင်လှသည်။ ၂၀၁၅ခုနှစ် အထွေထွေရွေးကောက်ပွဲ တွင် တိုင်းရင်းသားပြည်သူလူထု ၏ အာဏာအပ်နှင်းခံထားရပြီး ဖြစ်သည့် အမျိုးသားဒီမိုကရေစီ အဖွဲ့ချုပ်အနေဖြင့် ဗိုလ်ချုပ်မှူး ကြီးသန်းရွှေ (ငြိမ်း) နှင့် တွေ့ဆုံ ဆွေးနွေး မှုနှင့်စပ် လျဉ်း၍ ပွင့်လင်း မြင်သာမှုရှိရှိ ဆောလျင်စွာ သတင်းထုတ်ပြန်သင့်သည်။ တိုင်းရင်းသားပြည်သူလူထုသည် လူထု ခေါင်းဆောင် ဒေါ်အောင်ဆန်းစု ကြည်နှင့် ဗိုလ်ချုပ်မှူးကြီးသန်းရွှေ (ငြိမ်း)တို့ တွေ့ဆုံဆွေးနွေးမှုနှင့် ပတ်သက်၍ အမျိုးသားဒီမိုကရေ စီအဖွဲ့ချုပ်၏ တရားဝင်သတင်း ထုတ်ပြန်ချက်ကို စောင့်မျှော်နေ မည်သာဖြစ်သည်။

သိမ်မွေ့ရှုပ်ထွေးပြီး ထိလွယ်ရှလွယ်မှုမြင့်မားသည့် လက်ငင်း မြန်မာ့နိုင်ငံရေးအခင်းအကျင်း တွင် လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်၏ လုံခြုံ ရေးသည်လည်း အလွန်အမင်းအ ရေးကြီးသည်ဟု သုံးသပ်နိုင်သည်။ အမျိုးသားကာကွယ်ရေးနှင့် လုံခြုံ ရေးကောင်စီ၏ လမ်းညွှန်မှုနှင့်အတူ တပ်မတော် အပါအဝင် လုံခြုံ ရေးတပ်ဖွဲ့ဝင်များအနေဖြင့် လူ ထုခေါင်းဆောင် ဒေါ်အောင်ဆန်း စုကြည်၏ လုံခြုံရေးကို အကွက် စေ့စေ့တာဝန်ယူစောင့်ရှောက် ပေးရမည်ဖြစ်သည်။ တပ်မတော် နှင့် လုံခြုံရေးတပ်ဖွဲ့သည် လူထု ခေါင်းဆောင်၏ လုံခြုံရေးကို ရာနှုန်းပြည့် အာမခံတာဝန်ယူရ မည်သာဖြစ်သည်။

အချုပ်ဆိုရသော် အကောင်း ဆုံးကိုမျှော်လင့်သည်ဟုဆိုရာ တွင် အားနည်းချက်များ၊ စိန်ခေါ် မှုများ၊ အဆိုးဆုံးဖြစ်နိုင်ခြေများ ကို မျက်ကွယ်ပြုထား၍ မဖြစ်နိုင် ပေ။ လက်ငင်းနိုင်ငံရေးကစား ကွက်များ သည် ရွေးကောက်ပွဲအ လွန် နိုင်ငံရေးဗျူဟာသစ်၏ အစီ အမံများလည်း ဖြစ်နိုင်သည်ကို မမေ့လျော့ သင့်ပေ။ ရှေ့တစ်လှမ်းတိုးနိုင်ဖို့ နောက်နှစ်လှမ်းဆုတ် ကာ အားယူခြင်းဖြစ်နိုင်သည်ကိုလည်း ထည့်တွက်ရမည်ဖြစ်သည်။ တိုင်းရင်းသားပြည်သူလူထုအ များစုအနေဖြင့် ခေါင်းဆောင်များ အကြား ညီညီညွတ်ညွတ်၊ ယုံ ကြည်မှုနားလည်မှုရှိရှိ၊ ပရိယာယ် ကင်းကင်း၊ အကွက်ဆင်မှုကင်း ကင်း၊ ထောင်ချောက်ဆင်မှုကင်း ကင်း အားလုံးလက်တွဲလျက် ဒီမို ကရေစီဖက်ဒရယ်ပြည်ထောင်စု တည်ဆောက်ရေးအတွက် စိတ် အားထက်သန်လျက်ရှိပါကြောင်း မီးမောင်းထိုး တင်ပြလိုက်ရပါသည်။
ဒေါက်တာရန်မျိုးသိမ်း
7Days Daily

0 comments:

Post a Comment