Thursday, December 17, 2015

ကနေဒါနိုင်ငံသား သင်းအုပ်ဆရာကို မြောက်ကိုရီးယားက အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်းချမှတ်

ပေကျင်း ၊ ၁၇-၁၂-၂ဝ၁၅
မြောက်ကိုရီးယား တရားရုံးချုပ် သည် တောင်ကိုရီးယား နွယ်ဖွား ကနေဒါ နိုင်ငံသား သင်းအုပ်ဆရာအား အဖျက်အမှောင့် လုပ်ငန်းများ လုပ်ဆောင်သည် ဟူသော စွပ်စွဲချက်ဖြင့် အလုပ်ကြမ်းနှင့် ထောင်ဒဏ် တစ်သက်တစ်ကျွန်း ချမှတ်လိုက်ကြောင်း တရုတ်နိုင်ငံပိုင် ဆင်ဟွာ သတင်းဌာနက ဒီဇင်ဘာ ၁၆ ရက်တွင် ဖော်ပြထားသည်။

ကနေဒါနိုင်ငံရှိ အကြီးဆုံး ခရစ်ယာန် ဘုရားရှိခိုးကျောင်း များအနက် တစ်ခု အပါအဝင် ဖြစ်သော တိုရွန်တို ဘုရားကျောင်းမှ ခေါင်းဆောင် သင်းအုပ်ဆရာ ဖြစ်သည့် ဟီအွန်ဆူးလင်မ်  ကို မြောက်ကိုရီးယား အစိုးရ က ဖေဖော်ဝါရီ လမှစ၍ ဖမ်းဆီးခဲ့ခြင်း ဖြစ်သည်။

လင်မ်သည် ပြီးခဲ့သည့် ၁၈ နှစ်တာ ကာလအတွင်း ကိုးကွယ်ရာ ဘာသာကို အသုံးချလျက် လူမှုဘဝ နေ ထိုင်မှုများကို လျော့ပါးစေရန် လုပ်ဆောင် ခဲ့သည့်အပြင် မြောက်ကိုရီးယား အစိုးရကို ဖြုတ်ချရန် ကြိုးပမ်းခဲ့သည် ဟု တရားရုံးချုပ်က ပြောကြား ခဲ့ကြောင်း ဆင်ဟွာ သတင်းဌာနက ဖော်ပြ ထားသည်။

ထို့ပြင် လင်မ် သည် အမေရိကန်နှင့် တောင်ကိုရီးယား နိုင်ငံတို့၏ ခိုင်းစေချက် အရ မြောက်ကိုရီးယား အစိုးရကို ဆန့်ကျင်ရေး ဝါဒဖြန့်မှု များ လုပ်ဆောင်ခြင်း ဖြစ်သည်ဟု လုပ်ကြံပြောဆို ခဲ့ကြောင်း၊ မြောက် ကိုရီးယား နိုင်ငံအား စွန့်ခွာထွက်ပြေး လိုသူများကို ကူညီမှုများ လုပ်ဆောင် ခဲ့သည့်အပြင် ယင်း အစီအစဉ်ကို မွန်ဂိုလီးယား နိုင်ငံဆိုင်ရာ အမေရိကန် သံအမတ်ကြီး နှင့် တွေ့ဆုံ ဆွေးနွေးမှုများ လုပ်ဆောင်ခဲ့ကြောင်း ဝန်ခံ ပြောကြား ခဲ့သည်ဟု တရားရုံးချုပ်က ဆက်လက် ပြောကြား ထားသည်။
PyiChitThar

0 comments:

Post a Comment