Saturday, December 5, 2015

ဟန်းနီးမွန်းခရီးစဉ်အတွင်းက သေလုမြောပါးဖြစ်ရပ်အကြောင်း ဖွင့်ပြောလာတဲ့ ဂျက်စတင်သရိုဇ်

ဟောလိဝုဒ်ရဲ့ ထိပ်တန်းမင်းသမီးတစ်ဦးဖြစ်တဲ့ ဂျနီဖာအန်နစ်စတန်နဲ့ မင်းသားဂျက်စတင်သရိုဇ်တို့ဟာ ပြီးခဲ့တဲ့ နွေရာသီတုန်းက လက်ထပ်ပွဲဆင်နွှဲ ခဲ့ကြပြီး သူတို့ရဲ့ဟန်းနီးမွန်းခရီးစဉ်အဖြစ် ဘိုရာဘိုရာကျွန်းကို အလည်အပတ် ထွက်ခဲ့ကြပါတယ်။ ယင်းခရီးစဉ်အတွင်းမှာ ဂျက်စတင်ဟာ ပင်လယ်ထဲမှာ ရေငုပ်နေ ရင်းက ရေနစ်ခဲ့ရာ သူ့ဘဝမှာ ပထမဦးဆုံးအကြိမ်အဖြစ် သေလု မြောပါးဖြစ်ခဲ့ရတဲ့ ခံစားချက်မျိုး ခံစားခဲ့ ရကြောင်း အေ့စ်ရှိုးဘေ့စ်ဒေါ့ကွန်းက ဖော်ပြခဲ့ပါတယ်။

သူဟာ သူငယ်ချင်းတွေနဲ့အတူ ရေငုပ်နေရင်းက ရေအောက်ကမ္ဘာကို လှည့်လည်ကြည့်ရှုနေရင်း သူဝတ် ဆင်ထားတဲ့ အောက်ဆီဂျင်ဘူးက အောက်ဆီဂျင်ပမာဏဟာ အလွန်ပဲလျော့နည်းလာခဲ့ပြီး အနီရောင် အဆင့်ကို ကျရောက်သွားခဲ့ပါတယ်။ သူ့ရဲ့အခြေအနေကို ဧည့်လမ်းညွှန်အား လက်ဟန် ခြေဟန်နဲ့ ရှင်းပြခဲ့ပေမယ့် နားမလည်တာကြောင့် လျစ်လျူရှုခံခဲ့ရပါတယ်။

တဖြည်းဖြည်းအသက်ရှူကျပ်လာပြီး လည်းချောင်းနဲ့ ပါးစပ်ထဲ ရေတွေ ဝင်လာတာကို ခံစားလိုက်ရကြောင်းနဲ့ အဲ့ဒီနောက်မှ အရေးပေါ်အောက်ဆီဂျင် ကိုရခဲ့ကြောင်း မင်းသားကဆိုပါတယ်။ ''ရေမြှုပ်တွေ ထပြီး နှာခေါင်း ထဲရေတွေ ဝင်လာတယ်။ ချောင်းဆိုးပြီး ရေတွေအန်မိတယ်။ အဲဒီ အချိန်ခေါင်းထဲမှာ လည်း ချာချာလည်ပြီး ရူးသွားမလားတောင်ထင်ရတယ်။ ပြန်အသက်ရှူနိုင် တော့မှ ဘုရားတနိုင်ခဲ့တော့တယ်''လို့ မင်းသားက သူရဲ့ ခံစားချက်ကို ပြန် ပြောင်းပြောကြားခဲ့ပါတယ်။

ယင်းအဖြစ်အပျက်ကနေ သိရှိလိုက်တဲ့အရာကတော့ စီးလာတဲ့လှေက နေ ဝေးဝေးရောက်သည်အ ထိ ရေငုပ်ခြင်းဟာ လွဲချော်မှုတစ်စုံတစ်ရာဖြစ်ခဲ့ပါက ဧည့်လမ်းညွှန်အတွက် မိမိဧည့်သည်ကို ရေ မျက်နှာပြင်ပေါ် ရောက်သည်အထိ ပြန်သယ်ရတဲ့အခါ အခက်အခဲဖြစ်စေကြောင်းနဲ့ အသက် အန္တရာယ်နှင့်လည်း နီးစပ်ကြောင်း ဂျက်စတင်က ဖွင့်ဟခဲ့ပါတယ်။ ဆက်လက်ပြီး မင်းသားက အဆိုပါ ဖြစ် ရပ်အပြီးမှာ ရေငုပ်ရတာကိုကြောက်သွားပြီး နောက်ထပ်ရေမငုပ် ဖြစ်တော့ဘူးလို့ ဆိုပါတယ်။
အေးပြည့်
The Mirror Daily

0 comments:

Post a Comment