Sunday, December 27, 2015

ကျွန်တော်တော့ မသင်္ကာတော့ဘူး....


ထိုင်းသံရုံးရှေ့မှာ ဆန္ဒပြတဲ့ အုပ်စုတွေထဲက အုပ်စုတစ်ခုဟာ ညနေဆိုရင် ခွဲထွက်ပြီး ရွှေတိဂုံဘုရား သွားလိုက်၊ မြို့တော်ခန်းမရှေ့သွားလိုက်၊ ဒေါ်အောင်ဆန်းစုကြည် အိမ်ရှေ့သွားလိုက်နဲ့..
ရန်ကုန်မြို့ကို အလျားလိုက်၊ဒေါင်လိုက် သွားချင်သလို သွားနေတာကို ကျွန်တော် တို့ရဲ့ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့တို့၊ မြို့နယ် အုပ်ချုပ်ရေးမှုးတွေ၊ အာဏာပိုင်တွေဟာ သဘောထားကြီးစွာနဲ့ လွှတ်ပေးထားကြ ပါလား...
ပုဒ်မ(၁၈)၊(၁၉)၊တွေ (၅၀၅) တွေလည်း မကြားမိ...
အံ့ဖွယ်ပါတကား....။


မှတိမိသလောက်..
ပညာရေးဥပဒေ ကျောင်းသားသပိတ်တုန်းက သိမ်ကြီးဈေး တံတား အောက်ကနေ ဆူးလေ ရောက်ဖို့ ကြားထဲမှာ သံဆူးကြိုးတွေ၊ Police Line တွေနဲ့ အထပ်ထပ်တားပြီး နံပါတ်တုတ်တွေ၊ ဒိုင်းတွေ၊ သေ နတ်တွေ ကြားထဲကနေ အတင်းဖောက်ထွက်ပြီး ဆူးလေ ကို ရောက်အောင်သွားရတာပါ..
ရဲတွေရော၊အုပ်ချုပ်ရေးမှုးတွေရော၊ အဘ...အဘ...တွေရော နည်းနည်းနောနောလားဗျာ.....
ခုကျတော့ .........
အင်း.....
အာဏာပိုင်တွေ သဘောကောင်းလာ ကြတာ ထင်တယ်...
နောက်နေ့ကျရင် နိုင်ငံရေး အကျဉ်းသားတွေ ပြန်လွှတ်ပေးဖို့ဆိုပြီး မြို့တော်ခန်းမရှေ့ကို လမ်းလျှောက်ချီ တက် ကြည့်ရင်ကောင်းမလား...!!!!!
" ခင်ဗျာ....ခင်ဗျာ...ဘာဖြစ်တယ်..."
" ဟုတ်...ဟုတ်ကဲ့...တကယ်မဟုတ်ပါဘူး"
"အလကား စတာပါ...နောက်တာနော်..."
( လုံထိန်း ကားတွေ လွှတ်လိုက်ပြီတဲ့ ......)
ဒါမျိုးကျတော့ နည်းနည်းလေးတောင် နောက်လို့မရဘူး အံ့ပါ့.....။
FB Soe Moe Aye

0 comments:

Post a Comment