Sunday, December 27, 2015

ကြယ်တာရာ စစ်ပွဲများ ရုပ်ရှင်ကား စံချိန်တင်

The Force Awakens ဆိုတဲ့ နောက်ဆုံး ထွက်လာတဲ့ စတားဝါးစ် ကြယ်တာရာ စစ်ပွဲများ ရုပ်ရှင်ကား ဟာ တကမ္ဘာလုံး အတိုင်းအတာနဲ့ အမြန်ဆုံး ဒေါ်လာ သန်း တစ်ထောင် ကျော်အောင် ရုပ်ရှင်လက် မှတ် ရောင်းနိုင် ခဲ့တဲ့ စံချိန် တင်သွားပါတယ်။

၁၂ ရက် အတွင်း ဒေါ်လာ သန်း တစ်ထောင် ကျော်သွားတာပါ။ လွန်ခဲ့တဲ့ ၆ လ အရင်က ထွက်လာတဲ့ Jurassic World က ၁၃ ရက် နဲ့ သန်း တစ်ထောင် ကျော် ခဲ့တဲ့ စံချိန်ကို စတားဝါးစ် က ချိုးလိုက်တာ ဖြစ် ပါတယ်။

အခု The Force Awakens ဟာ စတားဝါးစ် ရုပ်ရှင် တွေ ရဲ့ ၇ ကားမြောက် ဖြစ်ပြီး၊ ၁၉၇၇ ပထမဆုံး ကားထဲက သရုပ်ဆောင် တွေလည်း ပြန်လည်ပါဝင် သရုပ် ဆောင်ထားကြပါတယ်။
 BBC Burmese

0 comments:

Post a Comment