Friday, December 4, 2015

ဂျပန်ပြည်ထဲရေးဝန်ကြီး မစ္စ ဆာနဲတီကာချီ က ဒေါ်အောင်ဆန်းစုကြည် အား ထောက်ခံအားပေးကြောင်း ပြောကြား

ရွေးကောက်ပွဲမှာ အပြတ်အသတ်အနိုင်ရပြီး တစ်လနီးပါးအကြာ ၌ မြန်မာနိုင်ငံ၏ အာဏာရပါတီ ဖြစ် လာတော့မည့်  အမျိုးသားဒီမိုကရေစီ အဖွဲ့ ချုပ် (NLD) က နိုင်ငံတကာ သံတမန် ဆက်သွယ်မှုများကို စတင်နေပြီဖြစ်သည်။ အဆိုပါ နိုင်ငံများထဲတွင် ဂျပန်နိုင်ငံက ထိပ်ဆုံးကဖြစ်သည်။

NLD ပါတီ ပြောရေးဆိုခွင့်ရ ဗဟိုကော်မတီဝင် ဦးဥာဏ်ဝင်း ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ ၏ တစ်ပတ်ကြာ ဂျပန်ခရီးစဉ် တွင် နိုင်ငံရေးခေါင်းဆောင် များနှင့် တွေ့ ဆုံခဲ့သည်။ ထို့အတူ ဂျပန်၏ မြို့တောင်ဟောင်း ဖြစ်သည့် ကျိုတိုနှင့် တခြားယဉ်ကျေးမှု နေရာများ ကိုလည်း သွားရောက်လည်ပတ်ခဲ့ သည်။

လုပ်ငန်းစဉ် အစည်းအဝေးမစခင် ဂျပန်ပြည်ထဲရေးဝန်ကြီး မစ္စက် ဆာနဲတီကာချီ က ဒေါ်အောင်ဆန်းစု ကြည် နှင့် ပတ်သက်ပြီး သူ၏ ခံစားမှု ကို ပြောကြားခဲ့သည်။

"ကျွန်မ ဒေါ်အောင်ဆန်းစုကြည်အကြောင်း ရိုက်ကူးထားတဲ့  "သည်လေဒီ" ရုပ်ရှင်ကားကို မျက်ရည်လည် ရွဲနဲ့ ကြည့်ခဲ့ရတယ်။ သူ့ရဲ့ အောင်မြင်မှုကို ချီးကျူးတဲ့ စာတစ်စောင် ရေးခဲ့ပါတယ်။ သူ့ ကို အားပေးသူ တစ်ယောက် က ရေးတဲ့ စာမျိုးပုံစံနဲ့ ပါ”

ဦးဥာဏ်ဝင်းသည် ဂျပန်နိုင်ငံခြားရေးဝန်ကြီး ဖူမီယိုကီရှီဒါနှင့် လည်း တွေ့ ဆုံ ခဲ့သည်။ နိုင်ငံခြားရေးဝန်ကြီး က ဒေါ်အောင်ဆန်းစုကြည်ကို ဂျပန်သို့ လာရောက်ရန် ဖိတ်ခေါ်ခဲ့သည်။ သူက ဂျပန်အစိုးရသည် မြန် မာပြည် ၏ အာဏာလွှဲပြောင်းစဉ် ကာလ အတောအတွင်း အစိုးရအဖွဲ့သစ်နှင့် ဆွေးနွေး မှုများ ပြုလုပ်ချင် သည်ဟု ဆိုသည်။

အပြန်အလှန်အားဖြင့် ဦးဥာဏ်ဝင်းကလည်း မြန်မာနိုင်ငံ တိုးတက်ဖွံ့ဖြိုးမှု အတွက် ဂျပန်နိုင်ငံ၏ ရင်းနှီးမြှုပ် နှံမှုနှင့် နည်းပညာအရေးပါမှုကို အလေးပေးပြောကြားခဲ့၏။

လောလောဆယ် မြန်မာနိုင်ငံတွင် ဂျပန်ကုမ္ပဏီ ၂၈၀ က လုပ်ငန်း များ ဆောင်ရွက် လည်ပတ်နေပြီး နောက် ထပ်ကုမ္ပဏီ ၆၀၀ ကလည်း လုပ်ငန်းများ လုပ်ရန် ခွင့်ပြုချက်ရထားသည်။

ဂျပန်ပြည်ပကုန်သွယ်ရေး အဖွဲ့ အစည်း(JETRO) အရ မြန်မာနိုင်ငံရှိ ဂျပန် စီးပွားရေး လုပ်ငန်းများအ နက် ဆောက်လုပ်ရေး လုပ်ငန်းများက ထိပ်ဆုံးတွင် ရှိနေပြီး တခြားလုပ်ငန်းမျိုးစုံလည်း ရှိသည်ဟုသိရ သည်။

လင်းလင်း
The Ladies News Journal
Ref - CNA

0 comments:

Post a Comment