Monday, December 21, 2015

တရုတ်နိုင်ငံတောင်ပိုင်း တွင် မြေပြိုမှုကြောင့် စက်မှုဇုန်မှ အဆောက်အအုံ ၃၀ လုံးပြိုကျ

A landslide which swept through an industrial park in southern China buried more than 30 buildings in a sea of mud, left 59 people missing and triggered a gas explosion, state media reported.  Witnesses described a mass of red earth and mud racing towards the park in the city of Shenzhen before burying or crushing homes and factories, twisting some of them into grotesque shapes.
ပေကျင်း ၊ ၂၁-၁၂-၂၀၁၅
တရုတ်နိုင်ငံ တောင်ပိုင်း ကွမ်တုံပြည်နယ် ရှင်းကျန့်မြို့တွင် ဒီဇင်ဘာ၂ဝ ရက် နေ့လယ်ပိုင်းက မြေ ပြိုမှု ဖြစ်ပွားခဲ့ရာ ယင်း မြေပြိုမှုကြောင့် ရှင်းကျန့် စက်မှုဇုန်ရှိ အဆောက်အအုံ ၃၀ လုံးပြိုကျ ပျက်စီးခဲ့ကြောင်း သိရသည်။

အဆိုပါ အဆောက်အအုံများ ပြိုကျမှုကြောင့် လူ ၉ဝဝ ခန့်ကို ဘေးကင်းရာသို့ ရွှေ့ပြောင်း ပေးထားပြီး သုံးဦးဒဏ်ရာ ရရှိကာ ၅၉ ဦး ပျောက်ဆုံးလျက် ရှိကြောင်းနှင့် သေဆုံးသူ မရှိသေးကြောင်း အစိုးရ တာဝန်ရှိ သူများက ပြောကြား ထားသည်။

ရှင်းကျန့် မီးသတ်တပ်ဖွဲ့ အနေဖြင့် ပျောက်ဆုံး နေသူများကို ရှာဖွေမှုများနှင့် ကယ်ဆယ်ရေး လုပ်ငန်း များ ဆောင်ရွက်လျက် ရှိပြီး အဆောက်အအုံများ ပြိုကျမှုတွင် အလုပ်သမား အိပ်ဆောင် နှစ်ခုလည်း ပါဝင်ကြောင်း သိရသည်။ ထို့ပြင် အဆိုပါ စက်မှုဇုန် အတွင်းရှိ လူအများစုကို မြေပြိုမှု မဖြစ်ပွားမီ ကပင် ဘေးကင်းရာ နေရာသို့ ပို့ဆောင်ပေး နိုင်ခဲ့ခြင်း ဖြစ်သည်ဟု ရှင်းကျန့်မြို့ ပြည်သူ့ လုံခြုံရေးဗျူရိုမှ ဒုတိယဥက္ကဋ္ဌ ရန်ကျီဂွမ်း က CCTV သတင်းဌာနသို့ ပြောကြား ထားသည်။

အဆိုပါ အဆောက်အအုံ ပြိုကျမှုများ ဖြစ်ပွားရာ နေရာသို့ မီးသတ်တပ်ဖွဲ့ဝင် ၁၅ဝဝ ခန့် ရောက်ရှိလာပြီး ကယ်ဆယ်ရေး လုပ်ငန်းများ ဆောင်ရွက်လျက် ရှိကြောင်းနှင့် မြေပြိုမှုသည် လွန်ခဲ့သော နှစ်နှစ်ခန့်က အဆိုပါ နေရာတွင် ဆောက်လုပ်ရေး လုပ်ငန်းများ ဆောင်ရွက်ရန် မြေကျင်းများ တူးပြီးနောက် ထွက်ရှိ လာသော မြေများကို စုပုံထားသည့် နေရာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်ကြောင်း ဒေသတွင်း သတင်းဌာန များက ဖော်ပြထားသည်။ ထို့ပြင်

ယင်းမြေပြိုမှု ကြောင့် အနီးရှိဆီဆိုင် တစ်ခုမှာလည်း ပေါက်ကွဲမှု ဖြစ်ပွားခဲ့ကြောင်း ရှင်းကျန့် စည်ပင် သာယာရေး အဖွဲ့က ပြောကြား ထားသည်။

အဆိုပါ မြေပြိုမှုများ ဖြစ်ပွားရာ နေရာတွင် ကယ်ဆယ်ရေး လုပ်ငန်းများ ချက်ချင်း ဆောင်ရွက်ရန် တရုတ် သမ္မတ ရှီကျင့်ဖျင် နှင့် ဝန်ကြီးချုပ် လီခချန်း တို့က အမိန့်ပေး ထားပြီး အစိုးရအဖွဲ့ ပြည်နယ် ကောင်စီက ကယ်ဆယ်ရေး လုပ်ငန်းများကို ပိုမိုတိုးမြှင့် လုပ်ဆောင်နိုင်ရန် ကယ်ဆယ်ရေး အဖွဲ့များကို စေလွှတ် ထားကြောင်း သိရသည်။ တရုတ်နိုင်ငံ ကျဲကျန်း ပြည်နယ်တွင် နိုဝင်ဘာလက ဖြစ်ပွားခဲ့သည့် မြေပြိုမှု၌ အနည်းဆုံး ၂၅ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
PyiChitThar

0 comments:

Post a Comment