Friday, December 4, 2015

ဦးသန်းရွှေနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ တွေ့တယ်လို့ဆို

အငြိမ်းစားဗိုလ်ချုပ်မှူးကြီး ဦးသန်းရွှေနှင့် ရွေးကောက်ပွဲအနိုင်ရ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်တို့ ဒီဇင်ဘာ ၄ ရက်က တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ ဘီဘီစီ (မြန်မာပိုင်း အစီအစဉ်) က ညနေပိုင်းသတင်း အစီအစဉ်မှာ ကြေညာသွားပါတယ်။ နေပြည်တော် စစ်ဦးစီး ဌာနချုပ် ရုံးမှာ တွေ့ခဲ့တာဖြစ်ပြီး ဘာအကြောင်းတွေ ဆွေးနွေးတယ်ဆိုတာတော့ မသိရပါဘူး။

အလားတူ အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာ ဦးရွှေမန်းနဲ့လည်း ဒီဇင်ဘာ ၄ ရက်မှာ တွေ့ဆုံဆွေးနွေး ခဲ့ပါသေးတယ်။ တွေ့ဆုံ ဆွေးနွေးမှု အသေးစိတ်ကိုတော့ နှစ်ဘက်လုံးက ထုတ်ပြန်ခြင်း မရှိပါဘူး။

သူရဦးရွှေမန်းရဲ့ လူမှုကွန်ယက် ဖေ့ဘုဘ်စ် စာမျက်နှာမှာတော့ ဒီဇင်ဘာ ၂၊ ၃၊ ၄ ရက်များရဲ့ တွေ့ ဆုံဆွေးနွေးမှုများကို ရည်ညွှန်း ဖေါ်ပြထားတာတွေ့ရပါတယ်။ ဖေါ်ပြချက်မှာတော့ နိုင်ငံအတွက် စေတနာ မှန်နဲ့ ဆောင်ရွက်နေကြတယ်လို့ ဆိုထားပြီး ဒီလူတွေဟာ နိုင်ငံကို တကယ်ချစ်ပြီး တကယ်သစ္စာရှိတဲ့ လူတွေလို့ ဖေါ်ပြထားတာ တွေ့ရပါတယ်။

ဒါ့အပြင် လူတစ်စုအကျိုး၊ ပါတီအကျိုးထက် နိုင်ငံ့အကျိုးကို ဆောင်ရွက်ရမယ့် အချိန်ရောက်ပြီလို့ထား ပြီး ပြည်သူတွေ ပူးပေါင်းပါဝင်ကြဖို့လည်း ရေးသားထားတာ တွေ့ရပါတယ်။

အမျိုးသား ဒီမိုကရေစီအဖွဲ့ချုပ် ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်ဟာလည်း ဗိုလ်ချုပ်မှူးကြီး (ငြိမ်း) ဦးသန်းရွှေ ရဲ့မြေး ဖိုးလပြည့်ခေါ် နေရွှေသွေးအောင်နဲ့လည်း ဒီလထဲမှာ တွေ့ဆုံခဲ့ပါသေးတယ်။
Mizzima - News in Burmese

0 comments:

Post a Comment