Saturday, December 5, 2015

ခါးပိုက်နှိုက်နှင့် တက္ကသိုလ်ကျောင်းသူ မှားယွင်းခါ အကြမ်းဖက်ဖမ်းဆီးခဲ့

ခါးပိုက်နှိုက်နှင့် မှားယွင်းခါ အကြမ်းဖက်ဖမ်းဆီးခဲ့သော တက္ကသိုလ်ကျောင်းသူနှင့်ပတ်သက်၍ မြို့နယ်အုပ် ချုပ်ရေးမှူးမှ စစ်ဆေးရန် ခေါ်ယူ....(ဟာဂျူလီ-ကသာ)

စစ်ကိုင်းတိုင်းဒေသကြီး၊ စစ်ကိုင်းမြို့ ဈေအတွင်း ဖြစ်ပွားခဲ့သည့်  တတိယနှစ် တက္ကသိုလ်ကျောင်းသူ မလှိုင်နှင်းဦး (၁၉နှစ်)အား ခါးပိုက်နှိုက်နှင့် မှားယွှင်းခါ ရိုက်နှက်ဖမ်းဆီးမှုနှင့် ပတ်သက်၍ စစ်ကိုင်းမြို့နယ်
မြို့နယ်အုပ်ချုပ်ရေးမှူးမှ စစ်ဆေးရန် ခေါ်ယူထားကြောင်း မလှိုင်နှင်းဦး၏ ဖခင်ဖြစ်သူ ဦးသောင်းညွှန့်ဦးမှ ဟာဂျူလီမီဒီယာ၏ ဆက်သွယ်မေးမြန်းချက်ကိုဖြေဆိုရာတွင် ယခုလိုပြောပြခဲ့ပါသည်။ " ဒီဖြစ်စဉ်အပေါ် စစ်ကိုင်းမြို့နယ်အုပ်ချုပ်ရေးမှူးက မနေ့တုန်းက(၁၄၊၄၊၂၀၁၅)ကျွန်တော့်ဆီဖုန်းဆက်ပါတယ်၊ ကျွန်တော်နဲ့ သမီးနဲ့ကို ချက်ချင်းတွေ့ချင်တယ်၊ မေးမြန်းချင်တယ်၊ အခု စစ်ကိုင်းကိုလာနိုင်မလားပေါ့၊ ကျွန်တော်က လည်း အစောကတည်းက ရဲစခန်းမှ ကျွန်တော်ပြောခဲ့ပြီးသားဖြစ်ပါတယ်၊ ကျွန်တော်တို့ကို ခေါ်ယူစစ်ဆေး မယ်ဆိုရင် ရက်ကလေးတော့ ပေးပါ၊ ကျွန်တော်တို့ ချက်ချင်းလာဖို့ မလွယ်လို့ပါပေါ့၊ အဲဒီတော့ စခန်း မှူးက (၃)ရက် ခွာချိန်းမယ်လို့ ပြောခဲ့ပါတယ်၊ အဲဒီတော့ ကျွန်တော်အနေနဲ့ အလုပ်အကိုင်အရ ချက် ချင်းတော့ မလာနိုင်ပါဘူးပေါ့၊ ဒီတော့ (၁၈)ရက်နေ့ လာဖို့ ခေါ်ထားပါတယ်/ဒါက မြို့နယ် အုပ်ရေးကပေါ့၊ ရဲ ကတော့ ဖြစ်တဲ့နေ့မှာ ကျွန်တော်တို့ အမှုဖွင့်တော့ စခန်းမှူးက သူတို့လည်း ပြန်ဖွင့်မယ်ဆိုတော့ ကျွန်တော်လည်း လန့်သွားတာပေါ့၊ အခုတော့ အဆက်အသွယ်တွေကနေ ရှေ့နေကွန်ယက်နဲ့ ချိတ်ပေးတော့ သူတို့ဘက်ကဖွင့်လည်း ကိစ္စမရှိပါဘူး၊နောက်တစ်ခေါက် စစ်ကိုင်းရဲစခန်းကိုသွားတော့ ရဲစခန်းမှူးက အမှု ဖွင့်စရာ မလိုတော့ပါဘူး၊တရားသူကြီးအနေနဲ့ စစ်စရာ မလိုတော့ဘူးပေါ့၊ အင်တာ နက်ထဲပါလာလို့ ရဲက ရဲခုံရုံးက စစ်ပြီး အရေးယူသွားတော့မှာပါလို့ ပြောပါတယ်၊ အရပ်ဖက်တရား ရုံးမှာရော ဖွင့်သင့် မဖွင့်သင့်ဆိုတာက ရှေ့နေတွေနဲ့ တိုင်ပင်ရဦးမှာပါ၊ ဖခင်တစ်ယောက်အနေ နဲ့ ပြောရရင် လုံးဝ သည်းမခံနိုင်ပါဘူး၊၊

မိခင်တစ်ယောက်ရဲ့ရှေ့မှာ သမီးကို လက်ထိပ်ခတ်ဖမ်းလို့ မိခင်(ဒေါ်လှသက်မှူး-၄၉နှစ်)က ဘာလို့ဖမ်း တာလည်းဆိုတာနဲ့ မိခင်ကိုပါ ရင်ဘတ်ဆောင့်တွန်းတာ၊ တွလက်ကို ရိုက်ချ တာတွေ ..ပြီးတော့ သမီးကို လက်ထိပ်ခတ် ရိုက်နှက်တာတွေဟာ ဘယ်လိုမှ ကျေအေးနိုင်စရာ မရှိပါဘူး၊ သမီးကို ဖမ်းပြီး သုံးဘီး နဲ့ ပေါ်တင်လိုက်တယ်၊ အဲဒီအချိန်မှာ ဈေးထဲကလူတွေက ကျွန်တော် အမျိုးသမီးနဲ့သမီးလေးကို သိကြတော့ အဲဒီလို ရိုက်နှက်ဖမ်းတာကို မကျေနပ်လို့ လူတွေ သုံးဘီနားကို ၀ိုင်းအုံ လာတော့ အဲဒီရဲတွေက ""မင်းတို့နဲ့ မဆိုင်ဘူး၊ ခါးပိုက်နှိုက်လို့ ဖမ်းတာ၊ တာဝန်ဝတ္တရား မနှောက်ယှက်နဲ့"" လို့ အော်ပြောပါသေးတယ်၊ရဲစခန်းရောက်တော့ စခန်းမှူးက ခင်ဗျားတို့လည်း ဖွင့်လို့ရတယ်၊ ရဲကလည်း ခင်ဗျားတို့ကိုအမှု(၃)မှုနဲ့ ပြန်ဖွင့်မယ်လို့ ခြိမ်းချောက်ပါသေးတယ်၊ အခုဆို သမီးနဲ့ပတ် သက်ပြီး ပါ/ချုပ်ကလည်း ထောက်ခံစာရေးပေးထားပါတယ်၊ သမီးက မန္တလေးတက္ကသိုလ် နိုင်ငံခြားဘာ သာ(အင်္ဂလိပ်စာ) တတိယနှစ်ကျောင်းသူ ဖြစ်ပါတယ်၊ ဆယ်တန်းတုန်းက ဂုဏ်ထူး(၄) ခုနဲ့ စာမေး ပွဲ အောင်လာခဲ့တာပါ၊ အင်္ဂလိပ်စာ-သင်္ချာ- ဘိုင်အို-ဓါတုရယ်ပါ၊"" ဟု ပြောဆိုခဲ့ပါသည်၊ ယခုကဲ့ သို့ လုပ်ပိုင်ခွင့်ကို အသုံးချ၍ အပြစ်မဲ့ ပြည်သူအပေါ် နိုင်ထက်စီးနင်း ပြုလုပ်ခဲ့သည့် ဖြစ်စဉ်အပေါ် သိရှိဖေါ်ပြလိုသည့် မီဒီယာများအနေဖြင့် ၀၉၇၉၆၅၉၂၉၀၈ သို့ တိုက်ရိုက်ဆက်သွယ်မေးမြန်းနိုင် ကြပါသည်၊ ဖြစ်စဉ်နှင့်ပတ်သက်၍ စစ်ကိုင်းရဲစခန်းမှူးဒုရဲမှူးသိင်္ခ၀င်းထံ ဖုန်းဆက်သွယ်ခဲ့သော်လည်း ခေါ်
ဆို၍ မရသေးပါ၊
(ဟာဂျူလီ-ကသာ)
FB Joe Phyu

0 comments:

Post a Comment