Friday, December 4, 2015

အိုင်အက်စ်အဖွဲ့အားစစ်ဆင်ရေးဆင်နွှဲမည့် အစီအစဉ်ကို ဂျာမန်လွှတ်တော်အတည်ပြု

ဘာလင် ဒီဇင်ဘာ ၎
ဆီးရီးယားနိုင်ငံရှိ အိုင်အက်စ်စစ်သွေးကြွအဖွဲ့အား စစ်ဆင်ရေးဆင်နွှဲရန် အစိုးရ၏အစီအစဉ်များကို ဂျာမနီအောက်လွှတ်တော်က ဒီဇင်ဘာ ၄ ရက်တွင် အတည်ပြုလိုက်သည်။

မဲခွဲဆုံးဖြတ်ရာတွင် ဥပဒေပြုလွှတ်တော်အမတ် ၅၉၈ ဦးအနက် ၄၄၅ ဦးက ထောက်ခံမဲပေးခဲ့ပြီး ၁၄၆ ဦးက ကန့်ကွက်မဲပေးကာ ခုနှစ်ဦးက ကြားနေမဲပေးခဲ့သည်။ အဆိုပါမစ်ရှင်တွင် ပြင်သစ်လေယာဉ်တင်သင်္ဘော ချားလ်ဒီ ဂေါအား ကာကွယ်စောင့်ရှောက်ရန် တော်နေဒိုးထောက်လှမ်းရေး ဂျက်လေယာဉ်ခြောက်စင်းနှင့် ဖရီးဂိတ်တစ်စီး၊ လောင်စာဆီဖြည့်လေယာဉ်နှင့် စစ်ဘက်တပ်ဖွဲ့ဝင် ၁၂ဝဝ စေလွှတ်ရေးတို့ ပါဝင်မည်ဖြစ်သည်။

ဂျာမနီနိုင်ငံသည် ဗြိတိန်၊ ပြင်သစ်၊ အမေရိကန်ပြည်ထောင်စုနှင့် ရုရှားနိုင်ငံများကဲ့သို့ လေကြောင်း တိုက်ခိုက်မှုများ လုပ်ဆောင်နေသောတိုင်းပြည်များနှင့် ပူးပေါင်းမည်မဟုတ်ပေ။
The Mirror Daily
ရိုက်တာ။

0 comments:

Post a Comment