Friday, December 11, 2015

ဆီးရီးယားရှိ ကာ့ဒ်တို့ထိန်းချုပ်ထားသောမြို့တွင် ထရပ်ကားဗုံးခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံး ၂၂ ဦးသေဆုံး

ဘေရွတ်၊ ဒီဇင်ဘာ ၁၁ ။           ။ ဆီးရီးယားနိုင်ငံအရှေ့မြောက်ပိုင်းရှိ ကာ့ဒ်တို့ထိန်းချုပ်ထားသော မြို့ တစ်မြို့တွင် ထရပ်ကားဗုံးသုံးလုံးဖြင့် ဖောက်ခွဲတိုက်ခိုက်မှုကြောင့် အနည်းဆုံးလူ ၂၂ ဦးသေဆုံးသွား သည်ဟု ဆီးရီးယားလူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့က ဒီဇင်ဘာ ၁၁ တွင်ပြောကြားသည်။

ဒီဇင်ဘာ ၁၀နေ့နောက်ပိုင်းက တဲလ်တိမ်းမားမြို့တွင် ယင်းတိုက်ခိုက်မှုကြောင့် သေဆုံးသူဦးရေမှာ နောက် ထပ်တိုးလာနိုင်သည်ဟုလည်း ၄င်းအဖွဲ့ကပြောသည်။ အရှေ့မြောက်ပိုင်း ဟာဆက်စကာပြည်နယ်ရှိ ၄င်းမြို့မှာ ကာ့ဒ်လူမျိုး YPG ပြည်သူ့စစ်များထိန်းချုပ်ထားပြီး ကာ့ဒ်ပြည်သူ့စစ်များသည် အမေရိကန် ဦးဆောင်သော လေကြောင်းတိုက်ခိုက်မှုထောက်ကူမှုဖြင့် အိုင်အက်စ်တို့ကို တိုက်ခိုက်လျက်ရှိသည်။

YPG သည် အမေရိကန်ဦးဆောင်သော မဟာမိတ်များအတွက် ဆီးရီးယားစစ်မြေပြင်တွင် အထိရောက် ဆုံးတိုက်ခိုက်ပေးနေသော မိတ်ဖက်တစ်ဦးဖြစ်သည်။
Mizzima - News in Burmese

0 comments:

Post a Comment