Monday, December 14, 2015

စစ်ကိုင်းမြို့တွင် အမျိုးသမီးများပါဝင်သည့် လေးကောင်ဂျင် လောင်းကစားဝိုင်းဖမ်းဆီးမိ

သတင်းဓာတ်ပုံ – ကိုတိုး
14 December 2015
စစ်ကိုင်းတိုင်းဒေသကြီး စစ်ကိုင်းမြို့ တောင်ဖီလာစေတီခြေရင်းအနီးမှာ လောင်းကြေးငွေ ကျပ် ၄၆ သိန်းကျော်နဲ့ လောင်းကစားနေကြတဲ့ လေးကောင်ဂျင်ဝိုင်းတခုကို ရဲတပ်ဖွဲ့က ၀င်ရောက်ပြီး လူ ၂၅ ဦးကို ဖမ်းဆီးအရေးယူလိုက်ပါတယ်။

ဒီဇင်ဘာ ၁၃ ရက် ညနေ ၆ နာရီလောက်က စစ်ကိုင်းတိုင်းဒေသကြီး တိုင်းမှုခင်း အကူဌာန က ဒေသခံရဲတပ်ဖွဲ့ဝင်တွေနဲ့ ပူးပါင်းဖော်ထုတ်ဖမ်းဆီးအရေးယူခဲ့တာလို့ တိုင်းဒေသကြီး ရဲတပ်ဖွဲ့မှူး ရဲမှူးကြီး နေထွန်းက ပြောပါတယ်။

အဆိုပါ လေးကောင်းဂျင် လောင်းကစားဝိုင်းကနေ အမျိုးသား(၁၅)ဦး၊ အမျိုးသမီး(၁၀)ဦး၊ ကား(၃)စီး၊ ဆိုင်ကယ်(၂၉)စီး၊ လောင်ကြေးငွေ စုစုပေါင်း ကျပ်ငွေ ၄၆၁၁၅၀၀ ဖမ်းဆီးရမိ တယ်လို့ဆိုပါတယ်။

ဖမ်းဆီးထားတဲ့ လေးကောင်ဂျင်လောင်းကစားသမားတွေကိုတော့ စစ်ကိုင်းမြို့မရဲစခန်းက လောင်းကစား ပုဒ်မ ၁၂(က) အရ အမှုဖွင့် အရေးယူဆောင်ရွက်နေပါတယ်။
DVB TV News

0 comments:

Post a Comment