Thursday, December 10, 2015

နိုင်ငံတော်နှင့် လွှတ်တော်၏ ဂုဏ်သိက္ခာ မြင့်မားရေးအတွက် မြင့်မြတ်သည့် စိတ်ထားဖြင့် လုပ်ဆောင်သွားရန် လိုအပ်ဟု သူရဦးရွှေမန်း ဆို

လွှတ်တော်၏ ဂုဏ်သိက္ခာ၊ နိုင်ငံ၏ ဂုဏ်သိက္ခာ မြင့်မားရေးအတွက်တာဝန်ရှိသူများအနေဖြင့် မြင့်မြတ်သည့် စိတ်ထားဖြင့် လုပ်ဆောင်သွားရန် လိုအပ်ကြောင်း၊ လွှတ်တော် ကိုယ်စားလှယ်သစ်များ၏ လုံခြုံရေး၊ သွားလာရေး၊ တည်းခိုရေး၊စားသောက်ရေးပါ မကျန် ပြည့်ပြည့်စုံစုံ စီမံပေးသွားရန်လည်း လိုအပ်ကြောင်း
ဒုတိယအကြိမ် လွှတ်တော်အသီးသီး၏ ပထမပုံမှန် အစည်းအဝေးကို ခေါ်ယူကျင်းပနိုင်ရေးအတွက် ဒီဇင်ဘာ ၁၀ ရက်က ပြုလုပ်သည့် ဗဟိုကော်မတီနှင့်လုပ်ငန်းကော်မတီများ၏ ညှိနှိုင်းအစည်းအဝေးတွင် သူရဦးရွှေမန်းက ပြောကြားခဲ့သည်။

အဆိုပါ အစည်းအဝေးသည် ၂၀၁၅ ခုနှစ် နိုဝင်ဘာ ၁၉ ရက်နေ့ကသူရဦးရွှေမန်းနှင့်ဒေါ်အောင် ဆန်းစုကြည်တို့ တွေ့ဆုံပြီးနောက် ထုတ်ပြန် ကြေညာသော ပူးတွဲကြေညာချက် ငါးချက်အနက်မှ အစိတ်အပိုင်း တစ်ခုကို အကောင်အထည် ဖော်ခြင်းဖြစ်ပြီး ယင်းထုတ်ပြန်ချက်တွင် လွှတ်တော် အစည်းအဝေးများ ကျင်းပရေး သာမကနိုင်ငံရေး အနှစ်သာရ များစွာ ပါဝင်သည်ဟုလည်း သူရဦးရွှေမန်းက ဆိုသည်။

ပထမအကြိမ် လွှတ်တော်များ၏ သက်တမ်းသည် ၂၀၁၆ ခုနှစ် ဇန်န၀ါရီလ ၃၀ ရက်တွင် ကုန်ဆုံးမည်ဖြစ်ပြီး ဒုတိယအကြိမ် လွှတ်တော်များ ကျင်းပနိုင်ရန်အတွက်ပြည်သူ့လွှတ်တော် ဥက္ကဋ္ဌနှင့် အမျိုးသားလွှတ်တော် ဥက္ကဋ္ဌတို့က ခေါ်ယူရမည်ဖြစ်သကဲ့သို့ တိုင်းဒေသကြီးနှင့် ပြည်နယ်လွှတ်တော် များတွင်လည်း သက်ဆိုင်ရာ
ဥက္ကဋ္ဌများက ခေါ်ယူရမည် ဖြစ်သည်။ ထို့ကြောင့် အသစ်ဝင်ရောက်မည့် လွှတ်တော်ကိုယ်စားလှယ်များကို ယခုလွှတ်တော် သက်တမ်း မပြီးဆုံးမီ ခေါ်ယူရမည်ဖြစ်ကြောင်းလည်း သိရသည်။

သတင်း - MMK
ဓာတ်ပုံ - သူရဦးရွှေမန်းဖေ့စ်ဘုတ်
The Ladies News Journal

0 comments:

Post a Comment