Sunday, November 29, 2015

ဆင်ဖြူကျွန်းမြို့ ဘုရားပွဲမှာ ပြဇာတ်ကပြစဉ် ယမ်းဖောက်ခွဲမှုမှ အမျိုးသားတဦး သေဆုံး


မကွေးတိုင်းဒေသကြီး စလင်းမြို့နယ် ဆင်ဖြူကျွန်းမြို့အနီးရှိ သရက်ချဉ် ကျေးရွာအုပ်စုအတွင်းရှိ အာရုံခံပြည်တော်ပြန် ဘုရားပွဲ ပြဇာတ်ပြိုင်ပွဲတွင် ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ရသော နှလုံးသွေးဖြင့် အလံထူမယ် ပြဇာတ် ကပြရာတွင် ၀ါယာရှော့ တိုက်ယမ်းဖောက်ခွဲရာမှ ကိုမျိုးကျော်ကျော်ဆိုသူမှာ အသက်သေဆုံးသွားရကြောင်း ဆင်ဖြူကျွန်းမြို့ ရဲတပ်ဖွဲ့စခန်းမှ နိုဝင်ဘာ၂၈ရက်နေ့တွင် သိရသည်။ ဖြစ်စဉ်မှာ နိုဝင်ဘာလ ၂၇ ရက်တွင် ဆင်ဖြူကျွန်းမြို့အနီးရှိ သရက်ချဉ်ကျေးရွာအုပ်စုမှ နာမည်ကြီး သမိုင်းဝင်ဘုရားဖြစ်သော အာရုံခံပြည်တော်ပြန် ဘုရားပွဲတွင် ပြိုင်ပွဲဝင် ပြဇာတ်အဖွဲ့ ၇ ဖွဲ့မှ ပထမဆုံး ၀င်ရောက်ယှဉ်ပြိုင်ခဲ့သော နှလုံးသွေးနဲ့ အလံထူမယ်ဟု အမည်ပေးထားသော ပြည်တွင်းသောင်းကျန်းမှု ဇာတ်လမ်း တင်ဆက်ရာ ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ယင်း ပြဇာတ်၏ သေနတ်ထိမှန်ခန်းတခု သရုပ်ဆောင်ရာတွင် ၀ါယာရှော့တိုက် ယမ်းဖောက်ခွဲရာမှ ဇောင်ဂျမ်းဂုံးကျေးရွာသား ကိုမျိုးကျော်ကျော် အသက် ၃၅ မှာ သေဆုံးသွားရကြောင်း သရက်ချဉ်ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူးမှ ပြောပြသည်။ ‘’၀ါယာရှော့တိုက်တာက အရင်က DC ဘတ်ထရီအိုးနဲ့ပဲ လုပ်တာပါ အခုဟာက ဘတ်ထရီအိုးက အားနည်းနေလို့ ဇာတ်အဖွဲ့သုံး အင်ဂျင်ကြီးဖြင့် ယမ်းဖောက်ခွဲဖို့ ၀ါယာရှော့တိုက်လို့ ဖြစ်သွားတာပါ”ဟု ယင်းကပြောဆိုသည်။ အင်ဂျင်ဖြင့် ယမ်းဖောက်ခွဲရန် ၀ါယာရှော့တိုက်မှုကြောင့် ထိခိုက်ခဲ့သူသည် ဆေးရုံရောက်မှ သေဆုံးခြင်းဖြစ်ကြောင်း သိရသည်။ သေဆုံးသူ - အင်္ကျီးအဖြူနဲ့လဲကျပြီး လူးလိမ့်နေသူပါ အချိန် - ၂၇-၁၁-၂၀၁၅ ညနေ ၄ နာရီ ၃၀ မိနစ် News Watch(စောင့်ကြည့်သတင်းဂျာနယ်)

0 comments:

Post a Comment