Thursday, October 29, 2015

NLD ပါတီလွှတ်တော်ကိုယ်စားလှယ်လောင်းကိုဓားဖြင့်ခုတ်သူများအနက် NLD ပါတီဝင် တစ်ဦး ပါဝင်

သာကေတရဲစခန်းရှေ့တွင် လူများ စုဝေးနေကြစဉ်.
NLD ပါတီမှ သာကေတမြို့နယ် လွှတ်တော်ကိုယ်စားလှယ်လောင်းများသည် သာကေတမြို့နယ်အ တွင်း ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် မဲဆွယ်စည်းရုံးစဉ် ၃ ရပ်ကွက် မာန်ပြေ ၈ လမ်းနှင့် ၉ လမ်းကြားအရောက် အောင်နိုင်ရေးကားပေါ်ရှိ တိုင်းဒေသကြီး လွှတ်တော်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်းကို ယင်းရပ်ကွက်အတွင်းနေထိုင်သူ အမျိုးသားတစ်ဦး အပါအဝင် လေးဦးက ဓားရှည်များနှင့် ဝင်ခုတ်ခဲ့သဖြင့် ဦးနိုင်ငံလင်း အပါအဝင် NLD ပါတီဝင် သုံးဦး ပြတ်ရှဒဏ်ရာများ ရရှိခဲ့ပြီး ရန်ကုန်ဆေးရုံကြီးတွင် တင်ထားရကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။

ဓားဖြင့် ဝင်ခုတ်သည့် သူလေးဦးကို သာကေတရဲစခန်းတွင် ဖမ်းဆီးထားပြီး အဆိုပါလေးဦးအနက် တစ်ဦးမှာ NLD ပါတီဝင်ဖြစ်ကာ အဆိုပါကိစ္စရပ်နှင့် ပတ်သက်၍ သာကေတမြို့နယ် NLD ပါတီဝင်များက စုံစမ်းမေးမြန်းမှုများ ပြုလုပ်ရန် သာကေတမြို့မ ရဲစခန်းရှေ့တွင် လူစုလူဝေးများဖြင့် စုရုံးရောက်ရှိနေ သည့်အတွက် စခန်းမှ သံတံခါးများ ပိတ်ဆို့က လုံခြုံရေးတင်းကြပ်ထားကြောင်း ရန်ကုန် အရှေ့ပိုင်းခရိုင် ရဲတပ်ဖွဲ့မှူးရုံးထံမှ သိရသည်။
The Voice Weekly

0 comments:

Post a Comment