Wednesday, October 28, 2015

ကြံ့ခိုင်ရေးပါတီ၏ မီးပုံးပျံလွှတ်တင်မှု မအောင်မြင်ဘဲ ပျက်ကျ(ရုပ်/သံ)



နေပြည်တော်၊ ဥပ္ပါတသန္တိစေတီကွင်းတွင် အောက်တိုဘာ ၂၈ရက်(သီတင်းကျွတ်လပြည့်နေ့)ညက ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီ၏ ပြည်ထောင်စုနယ်မြေအောင်နိုင်ရေးဦးစီးကော်မတီမှပြုလုပ်သော မီးပုံးပျံလွှတ်တင်မှုသည် မီးလောင်ပြီး ပျက်ကျကာ မအောင်မြင် ဖြစ်ခဲ့ရသည်။ ပါတီ၏ သင်္ကေတဖြစ်သော ခြင်္သေ့တံဆိပ်နှင့် ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီဟူသော စာတမ်းရေးသားသော ပင်မ မီးပုံးပျံမှာ မလွှတ်တင်မီကတည်းက မီးလောင်ကျွမ်းကာ လွှတ်တင်ပြီး စက္ကန့်ပိုင်းအတွင်း မီးတောက်များဖြင့် ပျက်ကျသွားသည်။
အဆိုပါ မီးပုံးပျံလွှတ်တင်ပွဲသို့ ကြံ့ခိုင်ရေးပါတီကိုယ်စားပြုကာ နေပြည်တော်မှ ရွေးကောက်ပွဲဝင်ပြိုင်ကြမည့် အငြိမ်းစား ဗိုလ်ချုပ်ကြီး ဦးလှဌေးဝင်း၊ ကာကွယ်ရေးဝန်ကြီးဟောင်း ဦးဝေလွင်၊ ဆက်သွယ်ရေးဝန်ကြီးဟောင်း ဦးမြတ်ဟိန်း၊ ဒေါ်ဝင်းဝင်းသီ၊ ဦးမှတ်ကြီးနှင့် ဦးခင်မောင်ဌေးတို့ စုံစုံလင်လင် တက်ရောက်ကြသည်ကို တွေ့ရသည်။ မဇ္ဈိမသတင်းဌာန

0 comments:

Post a Comment