Tuesday, October 27, 2015

ဒေါ်အောင်ဆန်းစုကြည် ဒဂုံမြို့နယ်တွင် နေထိုင်ခြင်းမရှိသောကြောင့်ဟုဆိုကာ ပြည်သူ့ရင်ပြင်၌ ဟောပြောခွင့်မရ


အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ဥက္ကဋ္ဌ ဒေါ်အောင်ဆန်းစုကြည်သည်  ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပြည် နယ်နှင့်တိုင်းရှိ ဒေသတချို့တွင် ဟောပြောပွဲများ ပြုလုပ်လျက်ရှိရာတွင် ရန်ကုန် တိုင်းဒေသကြီး ရွေးကောက် ပွဲ အောင်နိုင် ရေးဟောပြောပွဲပြုလုပ်ရန်အတွက် ဒဂုံမြို့နယ်ရှိ ပြည်သူ့ရင်ပြင် တွင်ပြုလုပ်ရန် အမျိုးသားဒီမို ကရေစီအဖွဲ့ချုပ်မှ သက်ဆိုင်ရာအာဏာပိုင် အဖွဲ့အစည်းများသို့ ခွင့်ပြုချက်တင်ခဲ့ကြောင်းသိရသည်။

အဆိုပါကဲ့သို့ ရွေးကောက်ပွဲအောင်နိုင်ရေးဟောပြောခွင့် တင်ခဲ့သော် လည်း ပြည်သူ့ရင်ပြင်တွင် ကျင်းပပြုလုပ်ခွင့်မရခဲ့ကြောင်းလည်း သိရသည်။

““ကျွန်တော်တို့က ပြည်သူ့ရင်ပြင်မှ ရွေးကောက်ပွဲ အောင်နိုင်ရေးဟော ပြောပွဲလုပ်ဖို့အတွက် ခွင့်ပြုဖို့ စာတင်ခဲ့တယ်။ ဒါပေမဲ့ ဒေါ်အောင်ဆန်း စုကြည်က ဒဂုံမြို့နယ်မှာ မနေတဲ့အတွက် ခွင့်မပြုဘူး။ ပြည် သူ့ရင်ပြင်မှာ ခွင့်မပြုတဲ့အတွက် နောက်ထပ်နေရာတစ်ခုကို စီစဉ်နေတယ်””ဟု ပါတီ အလုပ်အ မှုဆောင်ကော် မတီဝင်ဦးဝင်းထိန်က ပြောသည်။

ဟောပြောပွဲတွင် ရွေးကောက်ပွဲအောင်နိုင်ရေး ဟောပြောမည်ဖြစ်ပြီး မဲဆန်္ဒရှင်ပညာပေးရေးကိုလည်း ရှင်းပြသွားရန် စီစဉ်ထားသည်ဟု ဦးဝင်း ထိန်က ပြောသည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်မှ နိုဝင်ဘာ ၈ ရက်နေ့တွင် ကျင်းပပြုလုပ်မည့် ပါတီစုံဒီမိုကရေစီ အထွေထွေရွေး ကောက်ပွဲ၌ တစ်နိုင်ငံလုံးအတိုင်း အတာဖြင့် ၀င်ရောက်ယှဉ်ပြိုင်မည်ဖြစ်ပြီး အစိုးရတစ်ရပ် ဖွဲ့စည်းနိုင်ရေး အတွက် ရည်မှန်းထားသည်။
မျိုးကျော်
hotnewsweekly

0 comments:

Post a Comment