Monday, October 26, 2015

ရွေးကောက်ပွဲအောင်နိုင်ရေး ဖျော်ဖြေခဲ့သည် ထွန်းအိန္ဒြာဗိုလ်တို့ ကားတန်း တားဆီးခံရ

ဓာတ်ပုံ – Mi Mi Khine
 အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (အန်အယ်လ်ဒီ) ရွေးကောက်ပွဲအောင်နိုင်ရေးအတွက် ပျော်ဘွယ်နဲ့ ရမည်းသင်းမြို့တွေမှာ ဖျော်ဖြေခဲ့တဲ့ အဆိုတော် သရုပ်ဆောင် ထွန်းအိန္ဒြာဗိုလ်တို့ ကားတန်း နေပြည်တော် တပ်ကုန်းမြို့အ၀င်မှာ ၂ နာရီနီးပါး တားဆီးခံ ခဲ့ရတယ်လို့ ထွန်းအိန္ဒြာဗိုလ်က သူ့ရဲ့ဖေ့ဘွတ်စာမျက်နှာ မှာ ရေးသားထားပါတယ်။

တနင်္လာနေ့ ညနေ ၆ နာရီကျော်က စတားပြီး ၈ နာရီ ထိုးခါနီးမှ ရန်ကုန်ကို ဆက်လက် ထွက်ခွာ ခွင့် ပေးခဲ့တယ်လို့ ဆိုပါတယ်။

အထက်အမိန့်ရလို့ မြို့နယ် အာဏာပိုင်တွေက ပြောပြီး ယာဉ်တန်းနဲ့ အတူ လိုက်ပါသူတွေရဲ့ ကိုယ်ရေးအချက်အလက်တွေကို တောင်းခံခဲ့တယ်လို့ သိရပါတယ်။
DVB TV News

ဓာတ်ပုံ – Mi Mi Khine

ဓာတ်ပုံ – Mi Mi Khine

0 comments:

Post a Comment