Thursday, October 29, 2015

သာကေတမြို့နယ်တွင် ၀င်ရောက်ယှဉ်ပြိုင်မည့် ဒီချုပ်ကိုယ်စားလှယ်လောင်း ဦးနိုင်ငံလင်း ဓားခုတ်ခံရ

Photo Phoe Thar
ရန်ကုန် အောက်တိုဘာ ၂၉
သာကေတမြို့နယ်တွင်ဝင်ရောက်ယှဉ်ပြိုင်မည့်ဒီချုပ်ကိုယ်စားလှယ်လောင်းဦးနိုင်ငံလင်းဓားခုတ်ခံခဲ့ရသည်။

 ယနေ့ည ၉နာရီခန့်အချိန်တွင်သာကေတမြို့နယ် မာန်ပြေ(၈)လမ်းအနောက်ဖက်တွင် သာကေတမြို့နယ် တိုင်းဒေသကြီး(၁)မှ ၀င်ရောက်ယှဉ်ပြိုင်မည့် ဦးနိုင်ငံလင်းအား လူတစ်စုမှ ဓားဖြင့်ဝိုင်းခုတ်ခဲ့ကြောင်း သာကေတမြို့နယ်ရဲတပ်ဖွဲ့ မှအတည်ပြုပြောကြားသည်။

"ကျွန်တော်တိုအမှုကို စိစစ်နေဆဲပါပဲ"ဟု သာကေတမြို့နယ် ရဲတပ်ဖွဲ့မှ တာဝန်ရှိသူ တစ်ဦးကပြောသည်။ ဓားဖြင့်ခုတ်ခံရမှုကြောင့် ဦးနိုင်ငံလင်းမှာ ရန်ကုန်ဆေးရုံကြီးသို့ ဆေးစာဖြင့်ပို့ ထားကြောင်းသိရသည်။

ထို့ပြင် ဓားဖြင့်ခုတ်ခဲ့သည့်သူများထဲမှ တရားခံလေးဦးအားရဲတပ်ဖွဲ့မှဖမ်းမိထားပြီးဖြစ်ကြောင်းသိရသည်။
Popular News Journal

0 comments:

Post a Comment