Monday, October 26, 2015

စင်္ကာပူနိုင်ငံသားတွေကို မြန်မာပြည်ဖွား ကချင်တိုင်းရင်းသူလေးက ပေးခဲ့သော သင်ခန်းစာ

ဒီလိုမျိုး မယ်ပြိုင်ပွဲကြီးတွေမှာတောင် အလှအပကို နံပါတ် ၁ ဦးစားပေး အနေနဲ့ ရွေးချယ်ခဲ့တာ မဟုတ်ပါဘူး။ စာနာရိုင်းပင်းကူညီတတ်မှု ကို အဓိကထားပြီး ရွေးချယ်သွားခဲ့တာပါ။ စာနာရိုင်းပင်းတတ်မှုဟာ လူသား တိုင်းရဲ့  ဘ၀မှာ ဘယ်လောက်တောင် အရေးပါသလဲဆိုတာ ကချင်တိုင်းရင်းသူလေးက ဒီပြိုင်ပွဲကြီးနဲ့အတူ စင်္ကာပူနိုင်ငံသားတွေကို သက်သေပြခဲ့ပြီးပါပြီ။

မကြာခင်က ကျင်းပခဲ့သော မယ်ကမ္ဘာ (စင်္ကာပူ) ၂၀၁၅ ဆုကို သရဖူဆောင်းခဲ့သူ မြန်မာပြည်ဖွား ကချင် တိုင်းရင်းသူ Miss Maru မမာရု ကို မြန်မာနိုင်ငံမှာ မွေးဖွားခဲ့တယ်ဆိုတာ ပြိုင်ပွဲရဲ့  ဒိုင်လူကြီးများမသိခဲ့ပါဘူးလို့ ဆိုပါတယ်။ သိခဲ့လျှင်လည်း အဖြေပြောင်းလဲလိမ့်မည် မဟုတ်ဟု ၀န်ခံခဲ့ပါတယ်။

မကြာခင်နှစ်များအတွင်းမှာတော့ သူမဟာ ဒီဆုကို ရရှိခဲ့သော နိုင်ငံရပ်ခြားမွေး ဒုတိယမြောက်လူလည်း ဖြစ်ခဲ့ပါတယ်။ သူမရဲ့ အရင်ကတော့ အင်ဒိုနီးရှားနိုင်ငံဖွား Ms Karisa Sukamto ဟာ မယ်ကမ္ဘာ (စင်္ကာပူ ၂၀၁၂) ကို ဆွတ်ခူးခဲ့ပြီး အဲဒီ ပြိုင်ပွဲမ၀င်ခင်လေးမှာမှ စင်္ကာပူနိုင်ငံသား ခံယူခဲ့တာပါ။

"စင်္ကာပူနိုင်ငံသားတွေသာ ဒီပြိုင်ပွဲကို ၀င်ရောက်ယှဉ်ပြိုင်ခွင့်ရှိပြီး ဗိုလ်လုပွဲတက်သူ အားလုံးဟာ စင်္ကာပူနိုင် ငံသားတွေချည်းပါပဲ။ ကျွန်တော် ဒိုင်လူကြီးတွေကို စီစဉ်ညွှန်ကြားခဲ့တာကတော့ စင်္ကာပူနိုင်ငံကို ကိုယ် စားပြုပေးနိုင်မယ့် အကောင်းဆုံးလူကို အလိုရှိတယ် ဆိုတာပါပဲ။ ပြိုင်ပွဲရဲ့  အမှတ်ပေးပုံ ပေးနည်းကတော့ ၃ ပိုင်း ခွဲထားပါတယ်။ ၄၀ ရာခိုင်နှုန်းက စာနာရိုင်းပင်းကူညီတတ်မှု၊ ၃၀ ရာခိုင်နှုန်းက အလှအပနှင့် ကျန်တဲ့ ၃၀ ရာခိုင်နှုန်းကတော့ ဥာဏ်ပညာထက်မြက်မှု စတာတွေအပေါ်မှာ အခြေခံပြီး အမှတ်ပေး ရွေးချယ်ခဲ့တာ ပါ။ ဒိုင်လူကြီးတွေကတော့ အဲဒီ အပိုင်း ၃ ပိုင်းကို အခြေခံပြီး အကောင်းတကာ့ အကောင်းဆုံးကို ရွေး ချယ်ခဲ့တာပါလို့ "  မယ်ကမ္ဘာ (စင်္ကာပူ) ပွဲကို ဦးစီးလုပ်ကိုင်ခဲ့သူ Raymund Ooi က သတင်းထောက်များ ကို ပြောပါတယ်။

မြန်မာပြည်ဖွား ကချင်တိုင်းရင်းသူလေး Miss Maru မမာရု သရဖူဆောင်းခဲ့တဲ့ အဓိကအကြောင်းအရင် ကတော့ အများအကျိုးဆောင်တဲ့ ပရဟိတ အလုပ်တွေပေါ်မှာ ထားရှိတဲ့ သူမရဲ့  စစ်မှန်တဲ့ စိတ်ထက် သန်ပြင်းပျမှုကြောင့်လို့ ဆိုရပါမယ်။ ပွဲစီစဉ်သူ Mr Ooi ဟာ ဗိုလ်လုပွဲတက်သူ အလှမယ်တွေရဲ့  စင်္ကာ ပူနိုင်ငံရှိ အများအကျိုးပြု အဖွဲ့အစည်းတွေကို ကိုယ်တိုင်သွားရောက်လေ့လာခွင့် ရခဲ့ပြီး ကချင်တိုင်းရင်း သူလေးရဲ့  စစ်မှန်တဲ့ လုံ့လစိုက်ထုတ်မှုနဲ့ ကလေးသူငယ်တွေကို လမ်းညွှန်ပြသပေးနိုင်တာကို ကိုယ်တိုင်တွေ့မြင်ခဲ့ရပြီး အဲဒါဟာ သူမကို ကြီးကျယ်စေခဲ့တယ်လို့ ဆိုပါတယ်။

အခြားသော ဗိုလ်လုပွဲတက်သူရဲ့  အများအကျိုးပြု လုပ်ငန်းတွေကတော့ ရိုးရှင်းလွန်းပြီး ၀တ်ကျေတန်းကျေ ကိုယ်ဟန်လက်ဟန်ပြလောက်ပါပဲလို့ ဆိုပါတယ်။ အများအကျိုးပြုလုပ်ငန်းအကြောင်းတွေ ပြောမယ်ဆိုရင် သူမလုပ်နေတဲ့ အများအကျိုးပြုလုပ်ငန်းတွေအပေါ်မှာ သူမရဲ့  ချစ်စိတ်ပြင်းပြမှုတွေ၊ သူမရဲ့  ယဉ်ကျေးပျူငှာ မှုတွေ၊ သူမလုပ်နေတဲ့အလုပ်တွေအပေါ်မှာ အကောင်းဆုံးစိတ်ထားနဲ့ပြုလုပ်နေတာတွေ၊ တာဝန်ယူ တာဝန်သိမှု စတာတွေအပေါ်မှာ သူမရဲ့  ကြီးကျယ်တဲ့ အာရုံခံစားမှု ရှိနေတယ်ဆိုတာ အတိုင်းသား ပေါ် လွင်နေပါတယ်။ သူမဟာ စင်္ကာပူနိုင်ငံသားဖြစ်နေသ၍တော့ ကျွန်တော်တို့ ဘက်လိုက်ပြီး ဆုံးဖြတ်လို့ မရပါဘူး။ သူများတွေနည်းတူ ဆက်ဆံရမယ်လို့ ဆိုပါတယ်။

သူမဟာ မြန်မာပြည်ဖွားမို့ ဆိုတဲ့ အကြောင်းအရင်းကြောင့် စင်္ကာပူနိုင်ငံသားတွေအတွက် မကျေမနပ်ပြော ချင်စရာဖြစ်မယ် ပြီးတော့ ဒီမှာမွေးတဲ့ စင်္ကာပူအမျိုးသမီးစစ်စစ်တွေကပဲ စံထားထိုက်တယ်ဆို ရင်တော့ နောက်နှစ်မှာ ကျင်းပပြုလုပ်ဦးမယ့် မယ်ကမ္ဘာ (စင်္ကာပူ) ပွဲမှာ လာပြိုင်လှည့်ကြပါလို့ ကျွန်တော် သူတို့ကို တောင်းဆိုချင်ပါတယ်လို့ ပြိုင်ပွဲကို တာဝန်ယူဆောင်ရွက်ခဲ့သူ Raymund Ooi က ကချင်တိုင်းရင်းသူလေးကို ကာကွယ်ပြောကြားသွားခဲ့ပါတယ်

အသက် ၂၄ နှစ်အရွယ် Miss Maru မမာရု ဟာ အောက်တိုဘာ ၂၁ ရက်နေ့က ကျင်းပပြုလုပ်ခဲ့သော မယ်ကမ္ဘာ (စင်္ကာပူ) ၂၀၁၅ ဆုကို ဆွတ်ခူးခဲ့ပြီး တရုတ်နိုင်ငံတွင် ဒီဇင်ဘာလမှာ ကျင်းပပြုလုပ်မည့် Miss World 2015 ကို စင်္ကာပူနိုင်ငံကိုယ်စားပြု သွားရောက် ယှဉ်ပြိုင်ခွင့်ရမှာ ဖြစ်ပါတယ်။

သူမဟာ ကချင်ပြည်နယ်တွင် မေးဖွားခဲ့ပြီး အသက် ၁၂ အရွယ်တွင် မိဘများရှိရာ စင်္ကာပူနိုင်ငံကို ရောက်ရှိခဲ့တာပါ။ ၂၀၀၇ ခုနှစ်တွင်မှ စင်္ကာပူနိုင်ငံသား ဖြစ်လာခဲ့ပြီး ပန်းရောင် နိုင်ငံသားကဒ် ရရှိခဲ့တာပါ။

စလုံး
(စင်္ကာပူနှင့် ပတ်သက်သော အကြောင်းအရာများ စုစည်းတင်ပြမှု)

0 comments:

Post a Comment