Wednesday, June 3, 2015

MERS ရောဂါကြောင့် လူနှစ်ဦး သေဆုံးပြီးနောက် တရုတ်နိုင်ငံသား များက တောင်ကိုရီးယား ခရီးစဉ်များဖျက်သိမ်း

ဆိုးလ် ၊ ၃-၆-၂ဝ၁၅
တောင်ကိုရီးယား နိုင်ငံတွင် MERS ရောဂါပိုး ကူးစက်မှုများ မြင့်တက်နေစဉ် အတွင်း အဆိုပါရောဂါ ကူးစက်ခံ နေရသူ များအနက် ပထမဆုံး အကြိမ်အဖြစ် ဝေဒနာရှင် နှစ်ဦးမှာ သေဆုံးသွားပြီ ဖြစ်ကြောင်း ယင်းနိုင်ငံ ကျန်းမာရေး နှင့်လူမှုဖူလုံရေး ဝန်ကြီးဌာနက ဇွန် ၂ ရက်တွင် ထုတ်ပြန် လိုက်သည်။

သေဆုံးသူ နှစ်ဦးအနက် တစ်ဦးမှာ အသက် ၅၈ နှစ်အရွယ် အမျိုးသမီး တစ်ဦးဖြစ်ပြီး ၄င်းသည် ပန်းနာရင်ကျပ် ရောဂါ အပြင်းအထန် ခံစား ရပြီးနောက် မေ ၁၁ ရက်တွင် ဆေးရုံ တက်ရောက် ၍ ဆေးကုသမှု ခံယူနေစဉ် ဇွန် ၁ ရက်က သေဆုံးခဲ့ခြင်း ဖြစ်သည်။ ကျန်တစ်ဦးမှာ အသက် ၇၁ နှစ် အရွယ်ရှိ အမျိုးသား တစ်ဦးဖြစ်ပြီး ၄င်းသည် ဖျားနာ ဝေဒနာကြောင့် မေ ၁၅ ရက်က ဆေးရုံသို့ တက်ရောက်ခဲ့ပြီး နောက်ပိုင်းတွင် သေဆုံးခဲ့ခြင်း ဖြစ်ကြောင်း ဝန်ကြီးဌာနမှ ထုတ်ပြန်သည့် ကြေညာချက် တွင် ဖော်ပြထားသည်။

ဝန်ကြီးဌာန၏ ထုတ်ပြန်ချက် များအရ ယခုအခါ နိုင်ငံအတွင်း MERS ရောဂါ ကူးစက်ခံရသူ ဦးရေမှာ၂၅ ဦးအထိ မြင့်တက်လာပြီ ဖြစ်ကြောင်း သိရသည်။ တောင်ကိုရီးယား နိုင်ငံတွင် အဆိုပါရောဂါ ကူးစက်မှုများ မြင့်တက်လျက် ရှိပြီး ပထမဆုံး အကြိမ်အဖြစ် လူနာနှစ်ဦး သေဆုံးပြီးနောက် ယင်းနိုင်ငံသို့ သွားရောက်မည့် ခရီးစဉ်များကို တရုတ်နိုင်ငံသား ရာပေါင်းများစွာ က ဖျက်သိမ်း လိုက်ကြကြောင်း ဖော်ပြချက်များ အရ သိရသည်။
PyiChitThar

0 comments:

Post a Comment